မယ်ဆယ်ကျောက်လှိုင်ဂူကြီးအတွင်းမှာ ဆယ်ရက်ကျော်ကြာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသား ကလေးငယ်တွေကို လူပေါင်းထောင်ချီပြီး သွားရောက်ကယ်ဆယ်ခဲ့ရတဲ့ဖြစ်ရပ်ဟာ ကမ္ဘာပေါ်ကလူတော်တော်များများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ အခုလိုကယ်ဆယ်ခဲ့တဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ကို ရိုက်ကူးရန်အတွက်ကမ္ဘာကျော်ရုပ်ရှင် ကုမ္ပဏီတွေများစွာက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ လူအများထောက်ခဲ့ကြတဲ့ Universal Pictures ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။ 

ဒီရုပ်ရှင်ကားကိုတော့ ဇာတ်ညွှန်းဆရာ ဒေ့ဗ်ဘရုစ် ကဇာတ်ညွှန်းရေးသားပြီး Captain Phillips တို့လို့ ကမ္ဘာကျော်ဇာတ်ကားတွေဖန်တီးရိုက်ကူးနေတဲ့ ဒါရိုက်တာ မိုက်ကယ်ဒီလူကာ ကရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရိုက်ကူးရန်အတွက် ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ မိုက်ကယ်ဒီလူကာတော့ ပီးခဲ့တဲ့ ဇူလိုင်လထဲက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်လေ့လာဆန်းသစ်မှုတွေပြုလုပ်ခဲ့သလို ရုပ်ရှင်ရိုက်ကူးရေး မူပိုင်ခ အနေနဲ့ တောဝက်ဘောလုံးအသင်း လူငယ် ၁၃ ဦးကို အမေရိကန်ဒေါ်လာ ၁ သန်းခွဲပေးအပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

ယခုအမေရန်ကိန်ဒေါ်လာ ၁ သန်းခွဲကတော့ ထိုင်းဘတ် ၄၉ သန်းနဲ့ညီမျှတာကြောင့် တောဝက်လူငယ် ၁၃ ဦးကိုအညီအမျှခွဲဝေပေးမယ်ဆိုရင် တဦးကို ဘတ် ၃.၇ သန်းရရှိမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် တောဝက်လူငယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီးဟာ ကမ္ဘာ့အံ့ဘွယ်အောင်မြင်မှုကြီးတခု ဖြစ်တာကြောင့် အမေရိကန်နိုင်ငံအခြေစိုက် Asia Society အဖွဲ့အစည်းကလည်း ဂူတွင်းပိတ်မိလူငယ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်တခုလုံးရဲ့ ဥက္ကဋ္ဌ ဖယောင်းခရိုင်ဝန် နိုင်းနလုံးဆဒ် အိုးဆုခ်ထနားကွန်းကို အာရှခေါင်းဆောင်ဆု Asia Game Changer Awards ပေးအပ်ချီးမြှင့်ခဲ့ပါတယ်လို့လည်းသတင်းရရှိခဲ့ပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။