ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲမင်းသမီးလေး ခေးဆက်သွင်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ သွက်လက်တက်ကြွတဲ့ သူမရဲ့ပုံစံနဲ့ အလွဲဟာသလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ သူမအနေနဲ့ "ဥယျာဉ်မှူးဖြစ်ဖူးချင်သည်၊ အရိပ်၊ ဆုံစည်းခြင်းမိုးတိမ်များ " စတဲ့ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ခေးက ဇာတ်လမ်းတွဲလေးတွေ ဆက်တိုက်ရိုက်ကူးနေရပြီး ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေတာ တွေ့ရပါတယ်။ "အရိပ်" ဇာတ်လမ်းတွဲမှာ အမာညိုဆိုတဲ့ကျောင်းသူလေးအဖြစ် သရုပ်ဆောင်ထားတဲ့ သူမကို ပရိသတ်တွေက ဇာတ်လမ်းတွဲပြီးသွားတဲ့အထိ သတိတရနဲ့ ချစ်ခင်ခဲ့ကြပါတယ်။ အမြဲလိုလို လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ခေးက အခုလည်း ကိုယ်စောင့်နတ်သီချင်းလေးကို အပျင်းပြေသီဆိုခဲ့ပါတယ်။

လက်ရှိမှာ လူကြိုက်များနေတဲ့ "ကိုယ်စောင့်နတ်" သီချင်းလေးကို ခေးက ဂီတာလေးတစ်လက်နဲ့ ကိုယ်တိုင်တီးရင်း အားအပြည့် မာန်အပြည့်သီဆိုထားတာ တွေ့ရပါတယ်။ အများနဲ့မတူတဲ့ ပင်ကိုယ်စတိုင်တစ်မျိုးနဲ့ အမှန်အကယ် သီချင်းသီဆိုနေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူများပြီး လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးလေး ခေးဆက်သွင်ရဲ့ကိုယ်စောင့်နတ်သီချင်းလေးကို နားဆင်ဖို့ အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khay Sett Thwin;

video : credit baby lay;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။