သရုပ်ဆောင်မယ်လိုဒီ တစ်ယောက် ဘဏ် အချို့ရဲ့ တိကျမှန်ကန်မှုမရှိတဲ့အနေ ထားတွေ ကြောင့် စိတ်ရှုပ်နေရပါတယ် ။ ဘဏ်က ပိုက်ဆံအုပ်တွေက ငွေမပြည့်လို့သူမအနေနဲ့ နှစ်ခါတောင် ဂွမ်းခဲ့ရတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

သူမရေးသားခဲ့တာက တော့

" တစ်သောင်းတန်အုပ်မှာ

တစ်အုပ်ကို ၈၉ရွက်ဘဲပါတယ်

အုပ်ရေများရင် ခိုးတဲ့လူသူဠေးဖြစ်ပြီ

ဒါပေမယ့် သူများတွေမှာငွေပြည့်ပြီး ကိုယ်အနုပညာကြေးအုပ်ထဲက လျော့နေတော့

ဒီဘဏ်က အနုပညာရှင်နဲ့စီးပွားရေးလုပ်ငန်းရှင်ကြား ဘာလားပေါ့နော်(ဘဏ်နာမည်တော့ မပြောတော့ပါ)

ကဲ ငွေလျော့နေတာ မပြောဘဲ ငြိမ်ငြိမ်လေးနေမလား

အမှန်အတိုင်းပြောမလား

လောလောဆယ် ဧရာဝတီဘဏ်မှာ ငွေအပ်ရင်း ဂွမ်းသွားသူပေါ့

ငွေမပြည့်ဘဲ ခပ်တည်တည်နဲ့လာအပ်ပါတယ်ပေါ့

နှစ်ခါဂွမ်းသော အခြေအနေများ ကြုံဖူးပါသလား " ဆိုပြီး သူမ ရဲ့ဖြစ်ရပ်ကို ရေးသားခဲ့တာ ဘဲဖြစ်ပါတယ် ။ ဘယ်ဘဏ်ကလဲ ဆိုတာကိုတော့ ဘဏ်နာမည်အတိကျ မရေးထားလို့ မသိရပေမယ့် ဘဏ်ဝန်ထမ်းတွေရဲ့ပေါ့ဆမှုကို သူမရေးထားတဲ့စာမှာ အတိုင်းသားတွေ့မြင် နေ ရပါတယ် ။

ပရိသတ်ကြီးလည်း ဘဏ်မှာ ငွေထုတ်ရင် ပိုက်ဆံပြည့်မပြည့်သေချာစစ်ကြပါဦးနော် ။ မယ်လိုဒီကတော့ သူမရဲ့ဖြစ်ရပ်လေးနဲ့ယှဉ်ပြီး ပရိသတ်တွေကို အသိပေးလိုက်တာဘဲဖြစ် ပါတယ် ။ ချစ်ပရိသတ်ကြီးလဲ မယ်လိုဒီလို ဂွမ်းမယ့်အဖြစ်မျိုးမကြုံရအောင် သတိထားနိုင်ကြဖို့ ပြန်လည် တင်ပြပေးလိုက်ပါတယ် ။

Source : Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။