ပရိသတ်ကြီးရေ ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအဖြစ်စတင်ကာ လူသိများအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ယောက်ျားလေးတွေရဲ့ စိတ်ဝင်စားခြင်းခံရတဲ့အပြင် အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဆိုလည်း မမှားပါဘူး ။သွက်လက်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သူမက အခုဆိုရင် မော်ဒယ်နဲ့သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားတွေရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေရပြီဖြစ်တဲ့ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတစ်ကားကို ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးနေရပါတယ်။ ''ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေး''က စီစဉ်ရိုက်ကူးတဲ့ '' အောက်ဖဲမလှန်ကြေးနော်''ဆိုတဲ့ ဇာတ်ကားကြီးမှာ နေခြည်ဦးက ကျော်ရဲအောင်၊ခန့်စည်သူ၊ထွန်းထွန်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည် စတဲ့အနုပညာရှင်တွေနဲ့ ငပလီကမ်းခြေမှာ ရိုက်ကူးရေးပြုလုပ်နေတာ ဖြစ်ပါတယ်။ ခြည်ခြည်လို့ အများကချစ်စနိုးခေါ်ဝေါ်ရတဲ့ သူမက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ''Paris Fashion Week '' ကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်တဲ့အဖွဲ့ထဲမှာ ပါဝင်သူဖြစ်ပါတယ်။

အခုလည်း နေခြည်က လတ်ဆတ်တဲ့ကမ်းခြေက လေသန့်လေးတွေ ရှုရိူက်ရင်း သဘာဝအလှနဲ့အပြိုင် လှသွေးကြွယ်နေတဲ့ သူမရဲ့ပုံလေးတွေကို အသစ်တင်ထားပါတယ်။ အဖြူရောင် Bikini ဝတ်စုံလေးနဲ့ နေရောင်ခြည်အောက်မှာ အလှတွေဖြာနေတဲ့ သူမက ငေးလို့မဝနိုင်အောင် လှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး နေခြည်ဦးရဲ့ ကမ်းခြေကပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:beautybynaychi ig;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။