X box ဆိုတဲ့Rapper အဆိုတော်လေးကတော့ Underground မှာကျင်လည်ထဲကနေ အခု Mainstream ရောက်လာတဲ့အထိ ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ rapper တစ်ဦးပဲဖြစ်ပါတယ်။

သူဖန်တီးသီဆိုတဲ့ သီဆိုတဲ့တေးသီချင်းလေးတွေဟာလည်း အမျိုးသမီးပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလှသလို ပရိသတ်တွေပေးထားတဲ့ အဖူးဆိုတဲ့ ချစ်စနီုးနာမည်လေးကိုလည်းရရှိထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းလေးတုန်းကလည်း တေးသံရှင် Xbox ဟာ သူရဲ့ Hurt လို့အမည်ပေးထားတဲ့သီချင်းအသစ်လေးကို Music Video နဲ့တကွ လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေပေးလာခဲ့ပါတယ်။

ဒီသီချင်းလေးကတော့ အချိန်တွေအကြားကြီး ချစ်သူရဲ့လိမ်ညာမှုကို ခံခဲ့ရသလို ချစ်သူရဲ့အဖက်မလုပ်ပစ်ထားမှုတွေကြောင့် အသည်းကွဲပြီးကျန်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အဖြစ်ကိုရေးဖွဲ့ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။

ဒီသီချင်းလေးကိုရိုက်ကူးပုံဖော်ထားတဲ့အခါမှာလည်း တေးသံရှင် X box ဟာ ထူးခြားမှုတစ်ခုအနေနဲ့ မြန်မာနိုင်ငံထဲကအနုပညာရှင်တွေနဲ့မဟုတ်ဘဲ Thathee လို့ခေါ်တဲ့နိုင်ငံခြားသူလေးတစ်ယောက်နဲ့ ရိုက်ကူးထားတာတွေ့ရပါတယ်။

ဒီသီချင်း Mtv လေးထဲမှာ ရိုက်ကူးထားတဲ့ တချို့အခန်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေအတွက် ရင်သက်မှုမောဖွယ်ရာ အခန်းလေးတွေဖြစ်တာကြောင့် ဒီဗီဒီယိုလေးကတော့ ပရိသတ်တွေအရမ်းကိုအကြိုက်တွေ့နေရတာပဲဖြစ်ပါတယ်။

ဒီသီချင်းဗီဒီယိုလေးကိုပါ တခါတည်းဖော်ပြပေးထားတာဆိုတော့ ပရိသတ်တွေလည်းကြည့်ပြီးသွားရင် အကြိုက်တွေ့ကြရဲ့လားဆိုတာ ပြောပြခဲ့ကြဦးနော်။ 

source - Ye Gaung Phoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။