အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော် အောင်မြင်မှုတွေနဲ့အတူ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားကျမှုတွေကိုပါ ရရှိထားသူကတော့ ပြည်သူ့အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်..။

အနုပညာရှင်ဆယ်လီတစ်ဦးဖြစ်သလို ယနေ့အချိန်ထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်တာမို့ စိုင်းစိုင်းရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံရသူဆိုလည်း မမှားပါဘူး..။

လတ်တလောမှာတော့ လူပျိုကြီး ကွီစိုင်းတစ်ယောက်က မိသားစုဝင်သစ်လေးတစ်ယောက် ရရှိတော့မယ့် အဆိုတော်Rဇာနည်တို့ မိသားစုလေးကို အားကျနေတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက မိသားစုဝင်သစ်လေးတစ်ယောက် ရောက်ရှိလာတော့မယ့် ပျော်ရွှင်စရာသတင်းကောင်းလေးကို Rဇာနည်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို အသိပေးပြောပြထားပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာ စိုင်းစိုင်းက ဂုဏ်ပြုစကားလေးနဲ့အတူ Comment ရေးသားထားတာ ဖြစ်ပါတယ်..။

Rဇာနည်ရဲ့ အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပြင် အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းသာစွာနဲ့ ဂုဏ်ပြုစကားလေးတွေ ပြောထားကြသလို စိုင်းစိုင်းကလည်း “Wowwwwww” “Mite tal kwarrrrrr” ဆိုပြီး အားကျစွာ Comment ပေး ရေးသားထားတာပါ..။

ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ သူတို့ရဲ့မိသားစုထဲကို နောက်ထပ်မိသားစုဝင် အသစ်လေးတစ်ယောက် မကြာခင်မှာ ထပ်ရောက်လာတော့မှာဖြစ်ပြီး မီးမီးလေးလား သားသားလေးလား ဆိုတာတော့ မသိရသေးပေမယ့် Rဇာနည်တစ်ယောက်ကတော့ အရမ်းတွေရင်တွေခုန်နေပါတယ်တဲ့..။

Photo - စိုင်းစိုင်း၊ Rဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။