အနုပညာမိသားစုဘဝလေးတွေထဲမှာ ပရိသတ်အားကျနေရပြီး ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့မိသားစုဘဝလေးကိုတော့ အားလုံးလေးစားအားကျမိမယ်ထင်ပါတယ်။ ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြားရေပန်းစားမိသားစုတစ်စုလေးပဲဖြစ်ပါတယ်။

တေးရေး၊ တေးဆို လင်းလင်းနဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ မိသားစုလေးက မြင်သူတိုင်းအားကျချင်စရာကောင်းလောင်အောင် သာယာလှပတဲ့ဘဝလေးဖြစ်ပါတယ်။ချစ်သုဝေကတော့ သူနဲ့ သမီးလေးတွေရဲ့ ဆော့ကစားတဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ချစ်သုဝေတို့ မိသားစုလေးဟာ ရှမ်းပြည်နယ် အင်းလေးဘက်ကိုအပန်းဖြေခရီးလေးထွက်နေတာဖြစ်ပြီး မိသားစုလိုက်ပျော်ရွှင်နဲ့ ခရီးသွားအမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် တစ်နေ့တစ်ခြားတက်လာတဲ့ခေးလေးတွေရယ် ကြာလေပိုချစ်ဖို့ကောင်းနေတာအမှန်ပဲဖြစ်ပါတယ်။

ဖေဖေနဲ့မေမေတို့နှစ်ဦးကလည်း ကလေးတွေအပေါ်မှာ မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုတွေ အကောင်းဆုံး လုပ်ပေးသလို ခေတ်လေးတို့ကလည်း ဉာဏ်ကောင်းပြီး ထက်မြက်လွန်းသူလေးတွေ ဖြစ်ပါတယ်။ခေတ်လေး သစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ခေတ်လေးသစ်လေးတို့မိသားစုရဲ့ ကြည်နူးစရာပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Chit Thu wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။