အသည်းယားစဖွယ် ဟန်ပန်အမူအရာလေးတွေနဲ့ တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက် လုပ်ဆောင်နေပြီဖြစ်ပါတယ် ။ မကြာသေးမီကမှ ငပလီကိုရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အနုပညာရှင်တွေနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပါတယ် ။

ထိပ်ထားလေးကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လှုမှု ကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိ ငပလီမှာ ဖေဖေမေမေတို့နဲ့အတူ ပျော်ရွှင်စွာရေ ကစားနေတဲ့ ပုံရိပ်တွေကို လည်း ပရိသတ်ကိုမျှဝေထားပါသေးတယ် ။ ချစ်စရာကောင်းတဲ့ ထိပ်ထားလေးတစ်ယောက် ရေကူးဝတ်စုံလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေပါတယ်နော် ။ ဖေဖေ မေမေ တို့ရဲ့အသည်း ကျော်လေးတင်မကပါဘူး မြန်မာတစ်နိုင်ငံလုံးက ချစ်ပရိသတ်ကြီးရဲ့ အသည်းကျော် လူလည် မလေး ဆိုလည်းမမှားပါဘူးနော် ။

ပရိသတ်တွေကတော့ ထိပ်ထားလေးကို ဖွေးဖွေးနဲ့တူလို့ ဖွေးဖွေးပေါက်စလေးလို့ ချစ်စနိုးနဲ့ ခေါ်နေကြတာဘဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အနုပညာလောကမှာ အသက်ငယ်ဆုံး သရုပ်ဆောင်လေးအဖြစ် ပရိသတ်တွေ ထိပ်ထားကိုမြင်တွေ့ရတော့မှာပါ ။ ထိပ်ထားလေးကို ချစ်တဲ့ ချစ်ပရိသတ်တွေအတွက် ထိပ်ထားရဲ့ငပလီကမ်းခြေရောက် အမှတ်တရ ပုံရိပ်တွေကို ပရိသတ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် ။.

Source : ထိပ်ထားသခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။