ပရိသတ်ကြီးရေ နာမည်ကျော် မင်းသားကြီး လွင်မိုးရဲ့သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ထဲက ကြော်ငြာလေးတွေ စတင်ရိုက်ကူးအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ အလှကုန်နဲ့ ဖက်ရှင်ကြော်ငြာလေးတွေ ရိုက်ကူးခဲ့တဲ့ယွန်းက ပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ သူမချစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တာကြောင့် အနုပညာအလုပ်တွေကို ခဏရပ်နားခဲ့ပါတယ်။ အခုဆိုရင် ချစ်စရာကောင်းတဲ့ ယွန်းက အသက်တစ်လအရွယ် သားလေးတစ်ဦးကိုတောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ယွန်းက သားလေးမွေးပြီးတာတောင်မှ အံ့သြလောက်အောင် ခန္ဓာကိုယ်အချိုးအစား တစ်ခုတောင် ပြောင်းလဲခြင်းမရှိဘဲ အပျိုစင်လေးအတိုင်း လှပနေဆဲ ဖြစ်ပါတယ်။ သြစတေးလျမှာ အခြေချနေထိုင်နေတဲ့ ယွန်းက ပြီးခဲ့တဲ့ရက်ပိုင်းကမှ မြန်မာပြည်ကို သားလေးနဲ့အတူ ခဏပြန်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ပြန်ရောက်နေပြီဖြစ်တဲ့ ယွန်းက လက်ရှိမှာတော့ သူမရဲ့အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာ တွေ့ရပါတယ်။

Social Media ပေါ်မှာ အောင်မြင်မှုရထားတဲ့ ယွန်းက အခုလည်း မကြာခင်ရောက်ရှိတော့မယ့် Halloween ပွဲအတွက် စိတ်ဝင်စားစရာကောင်းတဲ့ makeup tutorial video အသစ်လေးကို တင်ပေးထားပါတယ်။ Hearty Heart Product တွေကို အသုံးပြုပြီး Galaxy Look ဖန်တီးပြင်ဆင်ထားတဲ့ ယွန်းက အရမ်းကိုချစ်စရာကောင်းပြီး လှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းရဲ့ Favourite Halloween look ဗီဒီယိုလေးကို ကြည့်ရှုဖို့ အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yun Waddy Lwin Moe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။