ဂျပန်ကတိရစ္ဆာန်ရုံဝန်ထမ်းတွေဟာ ဖျံလေးတစ်ကောင်ကို အရုပ်ကလေးတစ်ရုပ်လက်ဆောင် ပေးခဲ့ပါတယ် ။ အရုပ်လေးက သူ့လိုဖျံရုပ်လေးပါပဲ ။

အဲဒီအရုပ်လေးရတဲ့ အချိန်ကစပြီး ဖျံလေးဟာအရုပ်ကလေးနဲ့ မခွဲခွာတော့ပါဘူး ။ အရုပ်ကလေးကို ကျောပေါ်တင်လိုက် ဖက်ထားလိုက်နဲ့ သူ့အဖော်လေးကိုတော်တော်သဘောကျတာပါ ။ 

သူ့နဲ့ပုံတူလေးမို့ သူ့ကလေးလေးလို့တောင်ထင်နေပုံရပါတယ် ။

အရုပ်ကလေးနဲ့ဆော့နေတဲ့ သူ့ပုံလေးက အရမ်းချစ်ဖို့ကောင်းနေပါတယ် ။

တိရစ္ဆာန်တွေလဲ အရုပ်ချစ်တတ်တယ်ဆိုတာ ဖျံလေးကိုကြည့်ရင်သိနိုင်တာမို့ Pet ချစ်သူတွေလဲ အိမ်မှာမွေးထားတဲ့ ကိုယ့်အဖော်လေးတွေကို လက်ဆောင်ပေးဖို့စဉ်းစားရင် အရုပ်ကလေးတွေကလဲရွေးချယ်စရာတစ်ခုဖြစ်လာပြီပေါ့နော် ...

Source : boredpanda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။