ကြာစွယ်ကိုလူတိုင်းစားဖူးကြမှာပါ၊ ကြာစွယ်အမျိုးစားတွေကတော့ ၂ မျိုးနှစ်စားရှိပါတယ်။ အရောင်ကတော့ အဖြူနဲ့ အနီရောင်ဆိုပြီးတော့ မြင်တွေ့ကြရမှာပါ။ကြာစွယ်မှာ အမျှင်ဓာတ်တွေများစွာပါဝင်နေတဲ့အတွက် ဝမ်း ချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ကြာစွယ်မှာ ဗီတာမင် ဓာတ်၊ သတ္တူဓာတ်၊သံဓာတ်၊ ကာဘိုဟိုက်ဒရိတ်ဓာတ်၊ ဓာတ်တွေလည်းပါဝင်နေပါတယ်။ 

ဗီတာမင် စီ ပါဝင်နေမှတော့ အာရုံကြောကိုအထူးအားကောင်းစေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝေဒနာများမှကင်းဝေးစေတယ်။အအေးဓာတ်ကိုပေးစွမ်းတဲ့အတွက် ခန္ဓာကိုယ် အတွက်အပူအအေးမျှတစေပါတယ်။ကြာစွယ်ကိုစားပေးရင် ရေငတ်ပြေစေတယ်။ သွေးအားနည်းတဲ့သူတွေ သံဓာတ်ပါဝင်တဲ့အတွက် စားပေးသင့်ပါတယ်။ 

နေမကောင်းလို့ ခံတွင်းပျက်နေတဲ့သူတွေ စားပေးရင်ခံတွင်းကောင်းပြီး စားဝင်အိပ်ပျော်စေတယ်။ သွေးဖိအားကို ထိန်းပေးပြီး သွေးလည်ပတ်မှုကောင်းစေတဲ့ အတွက် နှလုံးသွေးကြောကို ပိုပြီးကျန်းမာစေပါ တယ်။ကြာစွယ်ကို လတ်လတ်ဆက်ဆက် စားသုံးတာက ပိုသင့်တော်ပါတယ်။ ဝယ်ပြီးသိပ်ထားကာ ကြာမှချက် စားတာမျိုးမလုပ်မိပါစေနဲ့ ။ဒီလိုဆိုရင်တော့ကျန်းမာရေးနဲ့ညီညွတ်တော့မှာမဟုတ်ပါဘူး။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။