အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားတဲ့ နာမည်ကျော်သရုပ်ဆောင် အကယ်ဒမီနေတိုးကတော့ ကွယ်လွန်သူညီလေးမင်းသွေးအတွက် သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ပြုနေတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၁၅)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ ဥပသမ္ပဒ ကံဆောင် ရဟန်းခံ အလှူတော် မင်္ဂလာပွဲလေးကို မိသားစုလိုက် ပါဝင်ပြုလုပ်ကုသိုလ်ယူခဲ့ကြတာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ သိမ်ဆွမ်းလောင်းလှူဒါန်းခဲ့ကြပပါသေးတယ်..။

ဦးဇင်းနေတိုးရဲ့ ရဟန်းဘွဲ့ကတော့ ဦးဇင်းစန္ဒိမာ လို့ ဘွဲ့အမည်ရပြီး အေးချမ်းတဲ့ တရားရိပ်မှာ ကုသိုလ်ပြုတရားအားထုတ်နေတဲ့ ဦးဇင်းနေတိုးရဲ့ ပုံရိပ်လေးတွေကတော့ တယ်ကို ကြည်ညိုစရာပါပဲ..။

အခုတစ်ခါမှာလည်း ဆွမ်းခံကြွနေတဲ့ပုံရိပ်လေးတွေနဲ့ ဆွမ်းဘုန်းပေးနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါ..။

မင်းသွေးအတွက် ရည်စူးပြီး ကုသိုလ်ပြုခဲ့ကြတဲ့ အဲ့ဒီအလှူလေးမှာတော့ နေတိုးနဲ့ သူငယ်ချင်းတွေအပြင် နေတိုးရဲ့အကိုဖြစ်သူကလည်း ပါဝင်ရဟန်းခံခဲ့သလို မိခင်ဖြစ်သူကလည်း ယောဂီဝတ်ခဲ့ပြီး ညီမဖြစ်သူကလည်း သီလရှင်ဝတ်ခဲ့ကြပြီး မိသားစုလိုက်ကုသိုလ်ယူ အလှူလေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

မိသားစုအပြင်သူငယ်ချင်းတွေစုပေါင်းပြီး သာသနာ့ဘောင် ဝင်ရောက်ခဲ့ကြတဲ့ မွန်မြတ်တဲ့သာဓုခေါ်စရာ မိသားစုအလှူပွဲလေးမှာ ခင်မင်ရင်းနှီးတဲ့ အနုပညာရှင် မိတ်ဆွေသူငယ်ချင်းတွေကလည်း အတူပါဝင်ကုသိုလ်ယူခဲ့ကြတာလည်း တွေ့ရပါတယ်..။

Photo - Nyar Na

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။