ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ စံထိပ်ထားလေးကတော့ ပြည်သူ့အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်ပါတယ်။ ကလေးဘဝထဲက ကြော်ငြာလေးတွေ ရိုက်ကူးခဲ့တဲ့ ထိပ်ထိပ်လေးက အခုဆိုရင် အရွယ်ရောက်နေတဲ့ အပျိုစင်မလေး ဖြစ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ထိပ်ထိပ်လေးက အလှကုန်ကြော်ငြာလေးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးပြီး တက်သစ်စအနုပညာရှင်လေးအဖြစ် နာမည်ရနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာ မခိုင်လေးတို့မိသားစုက ငပလီကမ်းခြေကို ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ရောက်ရှိနေတာ တွေ့ရပါတယ်။ "အောက်ဖဲမလှန်ကြေးနော်" ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ ကမ်းခြေကို ခရီးထွက်လာရတဲ့ ခိုင်သင်းကြည်နဲ့အတူ သမီးလေး စံထိပ်ထားကလည်း လိုက်လာခဲ့တာ ဖြစ်ပါတယ်။ ငယ်ရွယ်တက်ကြွပြီး မိခင်ရဲ့ဆုံးမမှုအောက်မှာ လိုက်နာနေထိုင်နေတဲ့ ထိပ်ထိပ်လေးက ပေါ့ပါးသွက်လက်တဲ့ ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့အားလပ်ချိန်လေးတွေမှာ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတဲ့ ထိပ်ထိပ်လေးက အခုလည်း ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ပုံစံနဲ့ ဆော့ကစားထားတာ တွေ့ရပါတယ်။ မျက်မှန်လေးနဲ့ ကလေးဆန်ဆန် အပြိုင်ငြင်းနေတဲ့ ထိပ်ထိပ်လေးကို ပရိသတ်တွေက အပြစ်ကင်းတာကြောင့် သဘောကျနှစ်ခြိုက်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကလေးဆိုးလေးအဖြစ် မြင်တွေ့ရတဲ့ စံထိပ်ထားလေးရဲ့ Tik Tok ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: San Htae htar IG;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။