ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ပရိတ်သတ်တွေရဲ့အချစ်ကို အရယူထားတဲ့ယွန်းယွန်းကတော့ ယခုအချိန်မှာ စိတ်ပညာဘာသာရပ် ကို သင်ကြားတက်ရောက်နေတဲ့ တက္ကသလိုလ်ကျောင်းသူကြီးတစ်ယောက်ဖြစ်ပါတယ်။ ပညာရေးမှာသာမက အနုပညာလုပ်ငန်းမှာလည်း အောင်မြင်ကျော်ကြားမှုတွေကို သိမ်းပိုက်ထားတဲ့သူမဟာ ပထမဆုံးသောကလေးသရုပ်ဆောင် အကယ်ဒမီ ဆု ကြီးကိုလည်း ထိုက်ထိုက်တန်တန်ရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ အရင်ကနဲ့ မတူတော့အောင် အရမ်းကိုလှလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာဟန်ပန် အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို အပိုင် သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း Junction Square မှာကျင်းပပြုလုပ်တဲ့ SK Jewel's Second Branch Grand Opening ကို ရိုးရှင်းတဲ့ ဖက်ရှင် ပုံစံလေးကိုဝတ်ဆင်ပြီး သူမရဲ့ အမေနဲ့ အတူတက်ရောက်ခဲ့ပါတယ်။ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယွန်းကတော့ သူမရဲ့ ရယ်မောနေတဲ့ ပုံလေးတွေကို သူမရဲ့ pageစာမျက်နှာမှဖော်ပြထားဖြစ်ပါတယ်။

Source:Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။