အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော် G-fatt နဲ့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစု တို့ကတော့ ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲလေးဘဲ ဖြစ်ပါတယ် ။

အမြဲတမ်း ရိုမက်တစ်ဆန်တတ်တဲ့ ကွီး G-fatt ကတော့ မမနန်းစုရဲ့အမြဲတမ်း ကြွေကျသွား အောင်လုပ်နိုင်တဲ့ ရိုဆန်ဆန်ချစ်သူလေးပါဘဲနော် ။

အမြဲတမ်း ပွဲတွေကို စုံတွဲတတ်လေ့ရှိပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့် ရှိတဲ့ ချစ်စရာစုံတွဲလေးဆိုလည်းမမှားပါဘူးနော် ။

G-fatt က နန်းစုအတွက် သီချင်းလေးတွေ ရေးပေးတတ်သလို နန်းစုက လည်း MTV ရိုက်ကူးမှုတွေမှာအမြဲတမ်းကူညီတတ်တာတွေ့ရပါတယ် ။

လတ်တလောမှာတော့ နန်းစုနေမကောင်းဖြစ်နေလို့ video call ပြောရင်းအလွမ်းသယ် နေကြတာကို နန်းစုက သူမရဲ့ My day မှာတင်ခဲ့ပါသေးတယ် ။

နေမကောင်းတဲ့ နန်းစုကို စောစောအိပ်ဖို့သတိပေးရင်းနဲ့ အိပ်ပျော်အောင် ပုံပြင်တွေ ပြော ပြနေတဲ့ ကွီး G-fatt ကတော့ တကယ်ကိုချစ်တတ်တဲ့ ချစ်သူလေးတစ်ယောက်ပါဘဲနော် ။

နန်းစုကတော့ သူမကို ပုံပြင်ပြောပြနေရင်း သူက အရင်းအိပ်ပျော်သွားတယ်ဆိုတဲ့ အကြောင်း ကို ရေးသားထားတာ တွေ့ရပါတယ် ။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး ဂရုစိုက်တတ်တဲ့ သူတို့ စုံတွဲလေးကတော့ တကယ်ကိုအားကျစရာပါဘဲ ပရိသတ်ကြီးရေ ..။

ချစ်သူစုံတွဲတွေရဲ့ သဘာ၀ အရ G-fatt ကနန်းစုကို အရမ်းသဝန်တိုတတ်တယ်လို့လည်း သိရပါတယ် ။

သူမတို့အချစ်ရေးကို ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ချပြခဲ့ပေမယ့် မင်္ဂလာပွဲကတော့ လိုပါသေးတယ်လို့ နန်းစုက ပြောခဲ့ပါတယ် ။

ချစ်ပရိသတ်ကြီးအတွက် နေမကောင်းတဲ့ နန်းစုလေးကို ဂရုစိုက်ပြီး အိပ်ပျော်အောင် ပုံပြင် တွေပြောပြနေတဲ့ G-fatt တို့ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မှဝေပေးလိုက်ပါ တယ်နော် ။

Source : Nan Su Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။