ယနေ့အောက်တိုဘာ(၁၇)ရက်နေ့လေးကတော့ ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသားချောမြင့်မြတ်ရဲ့ ဇနီးချောလေး ခင်သူအောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်..။

မခင်သူအောင်ကတော့ ဒီကနေ့မှာကျရောက်လာတဲ့ သူမရဲ့မွေးနေ့လေးမှာ လှူဒါန်းမှုလေးတွေ ပြုလုပ်ကုသိုလ်ယူရင်း မိသားစုနဲ့အတူ မွေးနေ့ရက်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

သူမရဲ့မွေးနေ့လေးဖြစ်တဲ့ ဒီနေ့လေးမှာ ဝေဒနာခံစားနေရရှာတဲ့ ဂီလာနဒုက္ခိတခွေးလေးတွေကို စောင့်ရှောက်ပေးနေတဲ့ မြောက်ဒဂုံရှိ Better Life ဂီလာနခွေး ဂေဟာလေးမှာ လှူဒါန်းမှုများပြုလုပ် ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့အလှူအဖြစ် ဂီလာနဒုက္ခိတ ခွေးလေးတွေ အေးချမ်းလုံခြုံစွာနဲ့ ဆေးကုသခိုလှုံ နေထိုင်နိုင်စေဖို့ အတွက် လှူဒါန်းမှုများပြုလုပ်ပြီး ဆန်အိတ်(၁၀)အိတ်ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

သူမရဲ့မွေးနေ့လေးအတွက်လည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးထားကြတာ တွေ့ရပါတယ်..။

ပကာသနမဖက်တဲ့ သာဓုခေါ်စရာမွေးနေ့အလှူလေးကိုတော့ ပရိသတ်တွေကလည်း သဘောကျစွာ သာဓုခေါ်ဆုတောင်းစကားလေးတွေပြေထားတာသလို Myanmarload မှာလည်း မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်..။

Photo - Better Life Shelter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။