ပရိသတ်တွေက "ခိုး ဆိုး နှိုက်" ဇာတ်ကားနဲ ့အကယ်ဒမီရစေချင်တဲ့ အပေါ် မြင့်မြတ်ရဲ ့အကယ်ဒမီရင်ခုန်သံ

မကြာသေးခင်ကမှ အိမ်ထောင်ကျသွားတဲ့ မြင့်မြတ်ကို အိမ်ထောင်ကျပြီးတဲ့နောက် ပရိသတ်တွေအပေါ်ထားတဲ့ စိတ်စေတနာကွဲပြားသွားမလားလို ့မေးတဲ့အခါ မြင့်မြတ်က အိမ်ထောင်ရေးက သတ်သတ်

အနုပညာကသတ်သတ်လို ့ဖြေသွားပါတယ်။

ပရိသတ်တွေက "ခိုး ဆိုး နှိုက်" ဇာတ်ကားနဲ ့အကယ်ဒမီရစေချင်တဲ့အပေါ်မှာတော့ “ကိုယ်ကတော့ တတ်နို််င်သမျှတော့ အကောင်းဆုံး ကြိုးစားထားတာပဲ။

ရတာ မရတာကတော့ ကံပါပဲ။

ရတော့လည်း ရ မရတော့လည်း မရပေါ့နော်” လို ့ပြောပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေထဲက ဘယ်သူ ့့ကို အကယ်ဒမီရစေချင်လဲဆိုတော့ မေးခွန်းကိုတော့ “ကိုခင်လှိုင်နဲ ့ကိုထွန်းကို ရစေချင်ပါတယ်။ အရမ်းသရုပ်ဆောင််ကောင်းပါတယ်” လို ့ဖြေပါတယ်။

“သရုပ်ဆောင်တစ်ယောက်အနေနဲ ့ကတော့ ကြိုးစားရမှာပါ ။

ကျွန်တော်တို ့လည်း ရပ်ကွက်ထဲကနေ ကြိုးစားပြီးဖြစ်လာတာပဲ။

အဓိက ကတော့ လိုချင်တာရအောင်ယူတတ်တဲ့စိတ်ပေါ့” လို ့ဆိုပါတယ်။

မီဒီယာတွေအပေါ်မှာထားတဲ့သဘောထားကိုတော့ “မီဒီယာတွေ စာနယ်ဇင်းတွေ အနုပညာရှင်တွေအားလုံးဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ပုံစံအမျိုးမျိုးနဲ ့လှုပ်ရှားနေကြရတာပါ။ အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မိသားစုတွေလိုပါပဲ” ဟုပြောသွားခဲ့ပါတယ်။

Source : Local Celebrity News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။