ယောက်င်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဆံပင်ကျွတ်လွန်းတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါ့အပြင် ဦးရေပြားတွေ ကွက်ပြီး အလှအပ နဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အစားအသောက်၊ အနေအထိုင်၊ ရေမသန့်ရှင်းမှု၊ ဆံသားနှင့် ပတ်သက်သော ထုတ်ကုန်များကြောင့် ဆံပင်တွေ အရမ်းကျွတ်လွန်းတာလည်း ဖြစ်နိုင်သလို သောက်သုံးနေတဲ့ ဆေးဝါးများကြောင့်လည်း ဆံပင်ကျွတ်တာမျိုး ဦးရေပြား၊ ဆံသားတွေ ပျက်စီးရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဆံပင်ကျွတ်ခြင်းမှ ရက်သတ္တပတ်အတွင်း ကာကွယ်နိုင်ပြီး ဆံသားကောင်းမွန်စေဖို့အတွက် ထိရောက်လွယ်ကူသော အိမ်တွင်း ကုထုံးလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

ကြက်သွန်နီ အကြီး (၁) လုံး

ကြက်သွန်ဖြူ အကြီး (၁) လုံး ( ကြက်သွန်ဖြူ တစ်လုံးမှာပါဝင်တဲ့ အမြွှာလေးတွေ အကုန်သုံးရပါမယ်။)

မုန်လာဥနီ အကြီး ၁လုံး

အုန်းဆီ အနည်းငယ်

ပျားရည်စစ်စစ် အနည်းငယ်

ပြုလုပ်ပုံနည်းလမ်းအဆင့်ဆင့်ကတော့

မုန်လာဥနီကို အခွံခွာပြီး အရည်ဖျော်ပါ။ ကြက်သွန်နီကိုလည်း အခွံခွာပြီး အရည်ဖျော်ပါ။ အာလူးကိုလည်း အခွံခွာပြီးနောက် ဖျော်စက်ထဲ ထည့်ဖျော်ပါ။ ထို အနှစ် ၃မျိုးအား သမအောင် မွှေပေးပါ။ ထို့နောက် ပျားရည် အနည်းငယ် ထည့်ပါ။ အုန်းဆီ ကိုထည့်ပါ။ သမအောင် ထပ်မွှေပေးပါ။ ထို့နောက် ရရှိလာသော အနှစ်များကို ဆံသားကို လိမ်းပေးရန်အတွက် အရည်ဖျန်းထဲ ဘူးထဲသို့ ထည့်ပါ။ ဆံသားကို လိမ်းပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် ရေအေးဖြင့်သာ ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည် အသုံးပြုနိုင်ပါတယ်။ ထိုနည်းအတိုင်း တစ်ပတ်မှာ ၃ ကြိမ်ခန့် အသုံးပြုပါ။ ဖော်ပြပါ အနှစ်က ဆံသား အတိုအရှည်ပေါ်မူတည်ပြီး ကျန်နေနိုင်တာမို့ ကျန်နေတဲ့ အနှစ်တွေကို ရေခဲသေတ္တာထဲ ထည့်ပေးထားပြီး နောက်တစ်ကြိမ် ထပ်မံ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းအတိုင်း လုပ်မယ်ဆိုရင်တော့ ရက်သတ္တပတ်ကြာတဲ့အခါမှာ ဆံပင်ကျွတ်ခြင်းက သိသိသာသာ လျော့နည်းလာပြီး ဆံသားအသစ်များကိုလည်း ထပ်မံပေါက်စေမှာ ဖြစ်ပါတယ်။

အားလုံးပဲ လှပကျော့ရှင်းသော ဆံသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Home remedies for hair falling 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။