မြန်မာနိုင်ငံထဲက အနောက်တိုင်းဆန်တဲ့မျက်နှာအနေအထားနဲ့ စတိုင်ကျလှတဲ့ အနုပညာရှင်မလေးတစ်ယောက်ကိုပြပါဆိုရင်တော့ ဧငြိမ်းဖြူလို့အမည်ရတဲ့အနုပညာရှင်မလေးကိုပြရမလိုပါပဲ။

သူမကတော့ အရင်နှစ်တွေတုန်းက cover dance လေးတွေ ကက်ဆက်ဇာတ်လမ်းလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲရောက်ရှိလာခဲ့ပေမယ့် အခုအချိန်မှာတော့ အနုပညာလောကထဲမှာ နာမည်တစ်ခုရရှိနေသူလေးတစ်ဦးပဲဖြစ်ပါတယ်။  

မနေ့ကဆိုရင်လည်း ဧငြိမ်းဖြူဟာ သူမရဲ့ကမ်းခြေမှာရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာဆိုရင်တော့ ဧငြိမ်းဖြူဟာ ရိုးရိုးလေးသာဝတ်ဆင်ထားပေမယ့် သူမရဲ့အလှတွေကတော့

သောင်းစပ်မှာလာရောက်နားခိုနေတဲ့ အဖြူရောင်နတ်မိမယ်လေးတစ်ပါးလိုပါပဲ။

သူမပေးထားတဲ့ post လေးတွေဟာဆိုရင်လည်း sexy လည်းကျလှသလို ဆွဲဆောင်မှုလည်းရှိလှတာကြောင့် ပုရိသတွေရဲ့ နှလုံးအိမ်ထဲကို အပြည့်အဝရောက်ရှိခဲ့တဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ 

ဒီပုံလေးတွေရဲ့အောက်မှာဆိုရင်လည်း ချစ်သူကိုအရမ်းစိတ်မချ သဝန်တိုတတ်တဲ့ ကိုကိုရဲရင့်အောင်ဟာ

ငါကျတော့အိမ်မှာစာတွေထိုင်ဖတ်နေရတယ် ဆိုတဲ့ comment လေးဝင်ပေးခဲ့ပါတယ်။

ထို comment လေးကိုတော့ ဧငြိမ်းဖြူ ဟာ အေ့လေ သနားပါတယ်နော် ဆိုပြီး ချစ်သူနှစ်ဦး အပြန်အလှန်ချစ်ကျီစယ်တဲ့အနေနဲ့ comment လေးတွေအပြန်အလှန်ပေးထားတာတွေ့ရသလို ဒီပုံရိပ်လေးတွေက ရန်ကုန်မှာကျန်ခဲ့တဲ့ ချစ်သူလေးအတွက် အလွမ်းပြေစေနိုင်တဲ့ ပုံရိပ်လေးတွေပါပဲ။

ကဲပရိသတ်ကြီးရေ ကမ်းခြေမှာ အရမ်းကို ဆွဲဆောင်မှုရှိရှိနဲ့ လှပနေတဲ့ ဧငြိမ်းဖြူရဲ့ ပုံရိပ်လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။

source - A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။