ပရိသတ်ကြီးရေ မင်းသမီး ချောရတနာကတော့ VCD ခေတ်ထဲက သူမရဲ့အလှတရားတွေနဲ့ ပုရိသတွေကို ယစ်မူးစေခဲ့သူ ဖြစ်ပါတယ်။ အချိန်အတော်ကြာ အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတဲ့ ချောက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ချောက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်နဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်လာတဲ့အခါမှာတော့ ချောအနေနဲ့ အနုပညာအလုပ်တွေကနေ အနားယူထားပြီး ကလေးတွေကို အချိန်ပေးဂရုစိုက်နေတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံမှသာ ပွဲအခမ်းအနားတွေ တက်ရောက်ဖို့ အပြင်ထွက်လေ့ရှိတဲ့သူမက ကလေးတွေအတွက် သူမရဲ့ဘဝကိုပုံစံပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ချောက အရင်ကလိုစိတ်တွေ ဒေါသတွေကို ဘေးဖယ်ပြီး ကလေးတွေရဲ့စံပြမိခင်ဖြစ်အောင် ကြိုးစားနေရင်း ဒေါသလေးတွေကို သတိကပ်နေရကြောင်း ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

ချောက သူမတို့သားအမိရဲ့ ကြည်နူးဖွယ်ပုံလေးနဲ့အတူ သူမရင်ထဲကစကားတစ်ချို့ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ "သူတို့လေးတွေကြောင့် အရာရာပြောင်းလဲခဲ့ရတယ် အတ္တ မာန မာန် ငါဆိုတာ တွေ လျော့နည်းလာတယ်။ ငယ်ငယ်က စိတ်နဲ့တော်တော့်ကိုကွာလာတယ် အဲ့ဒါလဲ သူတို့လေးတွေရဲ့မိခင်ဖြစ်လာလို့ပဲ ။ ငါဟာ မချမ်းသာဘူး ။ ငါဟာ အရမ်းတော်တက်ပြီး ထိပ်ရောက်နေတဲ့မိန်းမမဟုတ်ဖူး ။အဲ့တော့ သားနဲ့သမီး ကိုပေးနိုင်တဲ့ ဂုဏ်ဟာ သူတို့ အမေဟာ သူတော်ကောင်းစိတ်ရှိတဲ့မိခင်ပါ ဆိုတာ ဖြစ်အောင် ကြိုးစားသထက်ကြိုးစားပါ့မယ်လို့ ။ အခုတော့ တခါတခါ ဒေါသလေးတွေကို သတိကပ်နေရတယ်ကွယ် ။ ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ပြောကြားထားတာပဲ ဖြစ်ပါတယ်။

Source: Chaw Yadanar ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။