မြန်မာအသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပြီး၂၀၁၅ ယူ၂၀ ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်အတွက်အနိုင်သေချာတဲ့ဂိုးတစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့သန်းပိုင်ကတော့ပြည်

သူတွေရဲ့အချစ်တော်ဖြစ်ပါတယ်။အောင်သူရဲ့ဖန်တီးမှုကိုအကောင်းဆုံအသုံးချနိုင်တာကြောင့်

မြန်မာပြည်သူတွေရဲ့အိမ်မက်မျှော်လင့်ချက်တွေကိုအကောင်ထည်ဖော်ပေးနိုင်သူလည်းဖြစ်ပါတယ်။

သန်းပိုင်ကရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပြီးခြေစွမ်းပြဂိုးတွေ

သွင်းယူနိုင်တဲ့အဓိကကစားသမားတစ်ယောက်ပါ။ဒဏ်ရာပြဿနာတွေကြောင့်ဘောလုံးလောကနဲ့

ဝေးကွာနေရတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့အဓိကပြိုင်ပွဲတွေမှာလည်းမပါဝင်နိုင်ခဲ့ပါဘူး။ခုမှာတော့

ဒဏ်ရာကနေသက်သာလာလို့အပေါ့စားလေ့ကျင့်ခန်းတွေလုပ်နေပါပြီ။

မြက်ခင်စိမ်းပေါ်ကိုခြေမချခင်မှာသန်းပိုင်ကတော့မြူနှင်းတွေဝေဆာတဲ့ကျိုက်ထီးရိုးဘုရားပေါ်ရဲ့

ရင်ပြင်တော်ပေါ်မှာရှိနေတာပါ။မြက်ခင်းစိမ်းပေါ်မှာမတွေ့ရမီအေးချမ်းတဲ့ဘုရားရိပ်လေးမှာ

အေးချမ်းနေတာပါ။မကြာခင်မြက်ခင်းစိမ်းပေါ်မှာတဖန်တွေ့မြင်ရတော့မယ့်မြန်မာတိုက်စစ်မှူးသန်းပိုင်ရဲ့

ကျိုက်ထီးရိုးဘုရားပေါ်ကအေးချမ်းတဲ့ပုံရိပ်တွေကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:Than Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။