သူမမှာ ဒီလိုချစ်စရာကောင်းတဲ့အမူအကျင့်နဲ့ စိတ်ဓာတ်လေးရှိနေပါတယ်

လူတိုင်းက နာမည်ကျော်အနုပညာရှင်တွေရဲ့ အကြောင်းတွေကို အပေါ်ယံလောက်ပဲ သိထားကြတာပါ။ အသက် (၂၆)နှစ်အရွယ် ကန်းထရီး အဆိုတော်မလေး တေလာဆွစ်က သူမနဲ့ ပတ်သက်ပြီး လူတွေ မသိသေးတဲ့ အချက်တွေကို  အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့တာပါ။

အဲ့့ဒီအချက်တွေကတော့…သင်သိနှင့်ပြီးတဲ့အချက်တွေ လည်း ပါရင် ပါပါလိမ့်မယ်။

(၁) သူမ ရဲ့ထွက်ရှိဖူးသမျှ တစ်ကိုယ်တော် သီချင်းခွေတိုင်းလိုလို ကို စာရေးဆရာ တစ်ယောက်အဖြစ် ရေးခဲ့ပြီး ဂုဏ်သတင်းမွှေးခဲ့သလို တစ်ဝက်လောက်နီးပါးကို သူမကိုယ်တိုင်ပဲ ရေးခဲ့တာပါ။

(၂)သူမကို ပရိသတ်တွေအားလုံးက သီချင်း ဆိုတာလောက်ပဲ ကြားဖူးကြမယ်ထင်တယ်။ သူမ က ဂီတာ ၊ စန္ဒယား ၊ဘင်ဂျို အစရှိတဲ့ တူရိယာတွေကိုလဲ ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ် နိုင်ပါတယ်။

(၃)သူမဟာ ကန်းထရီး(ကျေးလက်) သီချင်းဆိုတဲ့ အဆိုရှင်ဖြစ်ချင်ခဲ့တာ မဟုတ်ပါဘူး ။သူမရဲ့ ၀ါသနာက ဘဏ္ဍာရေး အကြံပေးတစ်ယောက် ဖြစ်ချင်ခဲ့တာပါတဲ့

(၄)သူမက အသက်(၁၂)နှစ် အရွယ်ကစပြီး (Lucky You) ဆိုတဲ့ သီချင်းလေးကို စဆိုခဲ့တာပါ။

(၅)ဒါ့ပြင် တေလာ ရဲ့ မိဘတွေက သူမကို ငယ်စဉ်က တေးရေးဆရာ ၊ အဆိုတော် တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ ဂျိမ်းစ် တေလာ ဆိုတဲ့ အဖိုအမ သဘောနှစ်မျိုးလုံးပါတဲ့ နာမည်ကို ပေးခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်းရင်းက သူတို့ ရဲ့ သမီးဖြစ်သူကို စီးပွားရေးလုပ်ငန်းမှာပါ ရပ်တည်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေးခဲ့တာပါ။

(၆)ဒါပြင် သူမ က အသက်(၁၄)နှစ်အရွယ််ထဲက Sony/ATV ဂီတထုတ်လွှင့်ရေးမှာ အသက်အငယ်ဆုံး တေးရေးဆရာအဖြစ် ကမ်းလှမ်းခံရဖူးပါတယ်။

(၇) သူမဆယ်ကျော်သက်အရွယ်တုန်းက မိသားစု နဲ့ ပျော်ပွဲစားထွက်တဲ့အချိန်မှာ ကမ်းခြေနားကသူမတို့ အပန်းဖြေနေရာထိ မျောပါလာတဲ့ ငါးမန်းတစ်ကောင်အကြောင်း ဝတ္ထုတစ်ပုဒ်ကို နွေရာသီအားလပ်ရက်မှာ ရေးသားခဲ့တာပါ။

(၈)ချီးကျူးစရာကောင်းတဲ့ စိတ်ထားလေးကတော့ သူမက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေ ၊ ဒုက္ခတွေ့သူတွေကို ကူညီချင်စိတ်ထက်သန် ပြီး အလှုဒါန ရက်ရောသူ လေးပါ။သူမဟာ ကလေးသူငယ်တွေ ၊ ရောဂါဝေဒနာခံစားရသူတွေ၊ သဘာဝဘေးအန္တရယ်ကြုံတွေ့တဲ့နေရာတွေကို ဒေါ်လာသန်းနဲ့ချီ လှုဒါန်းဖူးပါတယ်။

(၉) သူမ ပထမဆုံး သရုပ်ဆောင်ဖူးခဲ့ ဇာတ်ကားကတော့ (၂၀၁၀)ခုနှစ်က ရိုက်ကူးတဲ့ Valentine Day ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

(၁၀) သူမက စာဖတ်တဲ့အခါမှာ လျို့ဝှက် ဆန်းကြယ်တဲ့ ဝတ္ထုတွေကို အကြိုက်ဆုံးပါ။ဒါ့အပြင် သူမက အဆိုအမိန့် လေးတွေကိုလဲ ကြိုက်နှစ်သက်ပါတယ်တဲ့။

(၁၁)တေလာက (၂၀၁၀)ခုနှစ်မှာ အသက်ငယ်ဆုံး ဂရမ်မီဆုရှင် အနုပညာရှင်တစ်ဦးဖြစ်ခဲ့သလို အသက်(၂၀)အရွယ်မှာ ဆုရရှိခဲ့လို့ပါ။

(၁၂)(၂၀၁၂)ခုနှစ်က Hunger Games ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်တေးအဖြစ် Safe & Sound နဲ့ Eyes Open ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ဆိုပေးခဲ့တာပါ။

(၁၃)တေလာ က Youtube က လာတဲ့ ဗီဒီယိုလေးတွေကိုလဲ ကြည့်ရတာနှစ်သက်ပါတယ်တဲ့။

(၁၄)တေလာမှာ အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားရယ်လို့တော့ သတ်သတ်မှတ်မှတ်မှတ်မရှိပေမယ့် သူမက ဒစ်စနီ က ထုတ်လွှင့်တဲ့ ဇာတ်ကားတိုင်းကိုတော့ ကြိုက်နှစ်သက်ပါတယ်။

(၁၅) သူမက Iphone နဲ့ဆိုင်တဲ့ ကိုယ်တိုင်လက်မှုပစ္စည်းလေးတွေ လုပ်ရတာကို နှစ်သက်ပါတယ်တဲ့။

(၁၆)သူမအကြောက်ဆုံး တိရစ္ဆာန်ကတော့ ပိုးတောင်မာ ပါ။

(၁၇) သူမမုန်းတဲ့ ကျောင်းကတော့ ဆေးကျောင်းလို့ ပြောပါတယ်။

(၁၈) သူမ က အဖေ နဲ့ အမေမှာ အဖေကိုအချစ်ဆုံးလို့ပြောထားပါတယ်။ အဲ့ဒါကတော့ သူမရဲ့ ဖခင် နဲ့ သူမက အင်္ဂလိပ်စာအုပ်၊ စာပေတွေ ဖတ်ရတာ ၀ါသနာပါသလို အဖေနဲ့ သမီးက သူငယ်ချင်းတွေလိုပဲ နေထိုင်ပါတယ်တဲ့။

(၁၉) သူမ က ခရီးရှည်တွေထွက် ရတာကို ၀ါသနာပါသူလေးလဲဖြစ်ပါတယ်။

(၂၀) သူမငယ်ငယ်က ဖြစ်ချင်ခဲ့တာ အဆိုတော်တစ်ယောက်မဟုတ်ဘဲ အိမ်အတွင်းပိုင်း အလှဆင်တဲ့ ဒီဇိုင်နာ ၊ စိတ်ပညာရှင် ၊ စုံထောက် တို့ ဖြစ်ချင်ခဲ့တာပါ။

ဒီအချက်လေးတွေ သိလိုက်ရလို့ တေလာဆွစ် ကို အားပေးတဲ့ ပရိသတ်တွေက သူမကို ပိုုလို့တောင် လေးစားချစ်ခင်ကြတယ်လို့ လဲ သိရပါတယ်။ သူမက ငယ်ရွယ်ပေမယ့် အရည်အချင်းရှိတဲ့ အဆိုတော်တစ်ဦးလို့ လဲ တင်စားခံရသူလေးဖြစ်ပါတယ်။

Source : who say

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။