ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ကျီစားလိုက်ရာကနေ တစ်ကယ်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဖြစ်ပုံလေးကတော့ ဗြိတိန်နိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အမျိုးသားကို ပေါင်၂၅၀၀၀၀ ထီပေါက်တယ်လို့ စနောက်လိုက်ပါတယ်။ သူမယောကျာ်းဖြစ်သူကတော့ ယခင်ကလည်း ဒီလိုအမြဲစနောက်ခံနေရတာမို့ အမှုမဲ့အမှတ်မဲ့ပဲ နေလိုက်ပါတယ်။ 

ဒါပေမယ့်လည်း မယုံနိုင်လောက်အောင် ၃ပတ်ခန့်ကြာသွားတဲ့ အချိန်မှာ ထီဆိုင်ကနေ ပေါင်၁သန်းထီဆု ပေါက်တယ်ဆိုတဲ့အကြောင်း လာပြီးအကြောင်းကြားလာခဲ့ပါတယ်။ ပီတာဘရော့မြို့အနီးက ဝစ်တယ်ဆေးမြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် လက်သမားဆရာ ပီယာ့(တ်)နဲ့ အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ရှားလော့တို့ဟာ တစ်ယောက်ကို တစ်ယောက်ကျီစယ်နေကြမို့လို့ သူ့မိန်းမက ထီပေါက်တဲ့အကြောင်း ပြောချိန်မှာ ပီယာ့(တ်)က မယုံခဲ့ပါဘူး။ ထီအရောင်းဌာနက ထီပေါက်တဲ့အကြောင်း ပို့ထားတဲ့မက်ဆေ့ကို Screenshot ရိုက်ပြမှာပဲ အမှန်တကယ်ထီပေါက်မှန်း သိသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

ရှားလော့ဟာ သူတို့လင်မယားနှစ်ယောက်ရဲ့ အွန်လိုင်းထီအကောင့်ထဲမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ၁.၅ ပေါင်နဲ့ ထီထိုးခဲ့ရာမှာ

ပေါင်တစ်သန်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ သားသမီး ၃ ယောက်ရှိတဲ့ သူတို့လင်မယားဟာ ထီပေါက်တဲ့ပိုက်ဆံနဲ့ မိသားစုအားလုံး ကျယ်ကျယ်ဝန်းဝန်း နေလို့ရမယ့် အိမ်သစ်တစ်လုံး ဝယ်ယူသွားမယ်လို့ ပြောပါတယ်။ ပရိသတ်ကြီးလည်း အခုလို ကောင်းတဲ့ကိစ္စမျိုးတွေကိုတော့ ကျီစားသင့်ပေမယ့် ကျီစားလွန်းရင်လည်း ရန်များတတ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူးနော်။ 

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။