အကြောပြတ်ဒဏ်ရာဆိုတာ သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေဟာ ရုတ်တရက် ပုံမှန်ဖွံဖြိုးမှု အခြေအနေကနေ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့အခါ အလယ် အရေပြားအလွှာမှာရှိတဲ့ အကြောလေးတွေ ပျက်စီးသွားလို့ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတစ်မျိုးဖြစ်ပါတယ်။

အကြောပြတ်ဒဏ်ရာတွေကို ကုသဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ ပိုက်ဆံလည်း မကုန် အိမ်မှာအသုံးပြုနေကြပစ္စည်းတွေနဲ့ ကုသနိုင်မယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ရေများများ သောက်ခြင်း

ရေဟာ အကြောပြတ်တာကို လျော့ချပေးနိုင်တဲ့ အံ့မခန်း အသုံးဝင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။တစ်နေ့ကို ရေ(၁၀)ဖန်ခွက်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးတာကြောင့် အကြောပြတ် ဒဏ်ရာတွေဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

(၂)ရှားစောင်းဂျယ် လိမ်းခြင်း

ရှားစောင်းဟာ အသားအရေ ပြဿနာတွေ အတွက် အရမ်းကို အသုံးဝင်တဲ့ အပင်တစ်မျိုးပါ။ ရှားစောင်းရွက်က ရရှိတဲ့ gel ကို အကြောပြတ် တဲ့နေရာမှာ လိမ်းပြီး မိနစ်ခဏအကြာမှာ ရေကျက်အေးနဲ့ဆေးချပေးရပါမယ်။

တစ်နေ့ကို တစ်ချိန် ပုံမှန်လုပ်ရုံနဲ့ အကြောပြတ် ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၃) ကြက်ဥအကာကို လိမ်းခြင်း

ကြက်ဥအကာမှာ ပါဝင်တဲ့ ပရိုတိန်း နှင့် amino acid တွေဟာ အကြောပြတ် တာကို သက်သာစေနိုင်ပါတယ်။ ကြက်ဥ အတွင်းပိုင်းမှာရှိတဲ့ အကာကို အကြောပြတ်တဲ့နေရာ တွေအပေါ် အရင်လိမ်းပါ။ ပြီးရင်တော့ အခြောက်ခံထားပြီး ရေအေးလေးနဲ့ ဆေးချပေးရပါတယ်။

(၄) သကြားကို အသုံးပြုခြင်း

သကြားဟာ အရေပြားများရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အိမ်တွင်းကုသရေး ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။အသုံးပြုပုံကတော သကြားတစ်ဇွန်းကို သံပုရာရေ တစ်စက် နှစ်စက် ရောပြီး အကြောပြတ်တဲ့ နေရာတွေကို လိမ်းပေးရမှာပါ ဖြစ်ပါတယ်။ဒီကုသနည်းကတော့ တစ်လအတွင်း ကောင်းမွန်တဲ့ ရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။

(၅)အာလူးကို အသုံးပြုခြင်း

အာလူးဟာ ဆဲလ် အသေတွေကို ဘယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အာလူးကထွက် လာတဲ့အရည်ကို အကြောပြတ်ဒဏ်ရာပေါ်မှာ မိနစ် အနည်းငယ် ပွတ်လိမ်းပေးရမှာဖြစ်ပါတယ်။ တစ်နေ့ တစ်ချိန် ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကြောပြတ် တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

Source:www.wikihow.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။