ဖိုက်တင်မင်းသမီးအဖြစ်ကနေ ပရိသတ်တွေရင်ထဲရောက်ရှိလာတဲ့ အနုပညာရှင်မလေး ယဉ်လက်တော့ အနုပညာနဲ့ပတ်သတ်လာရင် သူမတတ်စွမ်းတာထက်ပိုပြီးတော့ကို ကျိုးစားအားထုတ်တတ်တဲ့အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။

ယဉ်လက်ဟာ သရုပ်ဆောင်တဲ့နေရာမှာသာမက အခြားသောအားကစားနည်းတော်တေ်ာများများမှာပါ ထူးချွန်လှသလို ပန်းချီဆွဲခြင်း အနုပညာကိုလည်း ထူးချွန်စွာတတ်မြောက်ထားသူလေးတစ်ဦးပါပဲ။  

မနေ့ကဆိုရင်တော့ ယဉ်လက်ဟာ ပရိသတ်တွေကို သီတင်းကျွတ်ကာလအမှတ်တရလက်ဆောင်လေးတစ်ခုအနေနဲ့ သူမသီဆိုထားတဲ့ သီချင်းဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေထံမျှဝေပေးခဲ့ပါတယ်။

ယဉ်လက်ကတော့ တေးသံရှင်ဖိုးပြည့်ရဲ့ ကိုယ်စောင့်နတ်သီချင်းလေးကို Acoustic version လေးနဲ့ ဆိုပြထားတာပဲဖြစ်ပြီး ယဉ်လက်သီချင်းဆိုတာကို ပရိသတ်တွေမမြင်တွေ့ဖူးသေးတာကြောင့် ဒီဗီဒီယိုလေးက ပရိသတ်တွေကို အကြိုက်တွေ့မှုသာမက အံ့သြမှုတွေပါဖြစ်ပေါ်စေခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။  

သူမရဲ့အသံအေးအေးလေးနဲ့ သီချင်းသီဆိုထားပုံလေးတွေက နားထဲကိုစီးမြောဝင်ရောက်နိုင်စွမ်းမြင့်မားလှသလို နားဆင်ရတဲ့ပရိတ်သတ်တွေကိုလည်း အေးချမ်းမှုတွေများစွာပေးနိုင်တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

ဒီသီချင်းလေးကလည်း ပရိသတ်တွေရဲ့အရမ်းရှင်းနှီးတဲ့သီချင်းလေးဆိုပေမယ့် ယဉ်လက်ပြန်လည်သီဆိုထားတဲ့အခါမှာတော့ အရင်ကနဲ့မတူညီတဲ့ရသတစ်မျိုးပေးစွမ်းနေတာကြောင့် အကြိုက်တွေ့ကြတဲ့ ပရိသတ်တွေများစွာရှိနေကြပါတယ်။

ပရိသတ်တွေအတွက်လည်း ယဉ်လက်သီဆိုထားတဲ့ ကိုယ်စောင့်နတ်သီချင်းဗီဒီယိုဖိုင်လေးကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

source - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။