ယနေ့ခေတ်တွင် နည်းပညာများတိုးတက်ဖွင့်ဖြိုးလာတာနဲ့အမျှ စက်ရုပ်တွေရဲ့ အခန်းကဏ္ဍဟာဆိုရင်လည်း ပိုပြီး တွင်ကျယ်လာတယ်လို့တောင် ပြောလို့ရနေပါပြီ။ အခုတစ်ခါဖော်ပြပေးချင်တာကတော့ လေယာဉ်ကွင်း ထဲမှာ အသုံးပြုနေတဲ့ သိမ်းငှက်စက်ရုပ်အကြောင်းပဲ ဖြစ်ပါတယ်။ 

ဒီစက်ရုပ်ကို အဓိက အသုံးပြုပုံကတော့ အင်္ဂလန်နိုင်ငံရဲ့ ဆောက်သမ်ပတန် မြို့လေယာဉ်ကွင်း မှာ လေယာဉ်ပျံသန်းမှုကို အနှောငိ့အယှက်ပေးနေတဲ့ ငှက်တွေကို မောင်းထုတ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ထိုသိမ်းငှက်စက်ရုပ်ဟာ ငှက်အစစ်နဲ့ တူလွန်းလှတာကြောင့် အသုံးပြုရတာ ပိုမို အဆင်ပြေနိုင်မယ်လို့လည်း သိရပါတယ်။ 

ဒီငှက်စက်ရုပ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက သိပ္ပံပညာရှင်တွေဟာ တီထွင်ခဲ့ပြီး မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ဆောက်သမ်ပတန် လေယာဉ်ကွင်းမှာ စတင်အသုံးပြုတော့မှာ ဖြစ်ပြီး ဒီငှက်စက်ရုပ်လေးရဲ့နာမည်ကိုတော့ Robird လို့ ပေးထားပါတယ်။ 

Source: Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။