ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ လက်ရှိအချိန်မှာ စပိန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ထိုသို့ရောက်ရှိနေတဲ့ ရှင်ဇိုအာဘေးကတော့ အောက်တိုဘာလ ၁၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ စပိန်ဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ် နဲ့ တွေ့ဆုံခဲ့ပါတယ်။  

သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုအတွင်းမှာတော့ ယခုနှစ်ထဲမှာ သက်တမ်းကုန်တော့မယ့် စပိန်-ဂျပန် အပြန်အလှန် မိတ်ဘက်သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးခဲ့ကြပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်အာဘေးရဲ့ ယခုခရီးစဉ်ဟာ စပိန်- ဂျပန်သံတမန်ဆက်ဆံရေး စတင်ခဲ့တဲ့ နှစ် ၁၅၀ ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတယ်လို့လည်းသိရပါတယ်။  

ယခုလိုတွေ့ဆုံပြီးနောက်မှာတော့ ဝန်ကြီးချုပ်အာဘေးဟာ ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီနဲ့ ဘယ်ဂျီယံမြို့တော် ဘရပ်ဆဲလ် တို့ကိုလည်း သွားရောက်လည်ပတ်ဦးမယ်လို့သိရပါတယ်။

ဒါ့အပြင် ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် အာရှ-ဥရောပ ထပ်သီးညီလာခံကိုလည်း တက်ရောက်ဖို့ရှိနေသေးတယ်လို့သိရပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။