အက်ရှင်မင်းသားတစ်လက် ဖြစ်တဲ့ နေထူးနိုင်ကတော့ သူများနဲ့မတူတဲ့ တမူဆန်းပြားတဲ့ အက်ရှင်ကားတွေကို ရိုက်ကူးနေပြီး နယ်ပရိသတ်ရဲ့ အားပေးမှုအပြည့်ဝရရှိထားတဲ့ မင်းသားတစ်လက်ပါ ။

တစ်ချို့ချို့သော ပရိသတ်တွေက ပေါကားရိုက်တယ်လို့ ဝေဖန်တိုက်ခိုက်တာအများဆုံး ခံနေရတဲ့ နယ်ကြိုက်မင်းသား တစ်လတ်လဲ ဖြစ်ပါတယ် ။

နေထူးနိုင် ဟာ အက်ရှင်ကားတွေမှာ အနုပညာဝမ်းစာ ပြည့်ဝတဲ့ မင်းသားတစ်လက်ဖြစ် သလို အပြင်လောကမှာလည်း သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထား ရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ ။

ဘုဏ်းလက်ျာနဲ့ ဘုဏ်းလင်္ကာ ဆိုတဲ့ သားလေးနှစ်ယောက် မွေးထားပြီး အဖေတူသား လေးတွေကတော့ အဖေလို ရဲရဲရင့်ရင့်နဲ့ ယောက်ျားပီသတဲ့ ကလေးတွေလို့ဘဲ ပြောရ မှာ ပါဘဲ ။

လတ်တလောမှာတော့ ကွီးနေထူးနိုင် အမောပြေဖို့အတွက်ဆိုပြီး သားငယ်လေး ဘုန်းလင်္ကာက ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေ သူ့ပါးပါးကို ပို့ပေးခဲ့တာဘဲဖြစ်ပါတယ် ။

၀၀ကစ်ကစ် ကြက်တောင်စည်းလေးနဲ့ ပုဆိုးလေးကို စလွယ်သိုင်းထားတဲ့ ဘုန်းလင်္ကာ လေးကတော့ တကယ်ကိုအသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာပါ ။

ပရိသတ်တွေက နေထူးနိုင် ကိုသာမဟုတ်ဘဲ နေထူးနိုင်ရဲ့ သားလေးကို လည်း ပရိသတ်တွေ ကအချစ်ပိုနေကြတာပါ ။

ချစ်စရာကောင်းတဲ့ အဖေတူ သားချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားရပြီး သာယာ နွေးထွေး တဲ့မိသားစုလေးကို တည်ဆောက်ထားတဲ့ ကွီးနေထူးနိုင် တစ်ယောက်ကတော့ တကယ်ကိုလေးစားစရာပါဘဲ ပရိသတ်ကြီးရေ ..။

ကွီးနေထူးနိုင်ကိုချစ်သလို သားငယ်လေး ဘုန်းလင်္ကာကိုချစ်တဲ့ ပရိသတ်တွေအတွက်သူ့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Htoo Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။