ဝိုင်ဆိုတာ စပျစ်သီး၊ ပန်းသီး စတဲ့ အသီးတွေကို တဆေး(yeast) နဲ့ အချဉ်ဖောက်ခါ ချက်လုပ်ထားတဲ့ အရက်တမျိုးပဲ ဖြစ်ပါတယ်။ ဝိုင်ကို ကမ္ဘာပေါ်ရှိ နေရာအနှံအပြားများထုတ်လုပ်ရောင်းချတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဝိုင်ဆိုရင် ပြင်ဦးလွင်ကို ပြေးမြင်မိမှာ အမှန်ပါ။

အရက်တစ်မျိုးဆိုပင်မယ့် သောက်သုံးတဲ့ သူကို ကျန်းမာရေးအတွက်များစွာကောင်းကျိုးပေးနိုင်ပါတယ်။ ဝိုင်သောက်ခြင်းကြောင့်ရရှိနိုင်တဲ့ ကောင်းကျိုး(၁၀)ချက်ကို ဖော်ပြပေးထားပါတယ်။

(၁) ဝိုင်မှာပါဝင်တဲ့ antioxidants က လူသားတွေအတွက် ကြောက်မက်ဖွယ်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ ကင်ဆာဆဲလ်တွေကို အပြည့်အဝ တိုက်ထုတ်ပေးနိုင်ပါတယ်။

(၂)တစ်နေ့ကို ဝိုင်တစ်ခွက်သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

(၃)ဝိုင်နီမှာ silicon ပါဝငါမှု များတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို ပိုပြီး ကြံ့ခိုင်စေပါတယ်။

(၄)ဝိုင်ကို သောက်ခြင်းကြောင့် သွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အန္တာရာယ်တွေမှ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၅)အမျိုးသမီးတွေဟာ အမျိုးသားတွေ အတွက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဝိုင်သောက်ခြင်း နှလုံးမှာဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို အကောင်းဆုံး ကာကွယ်ကုသပေးနိုင်ပါတယ်။

(၆)ဝိုင်နီကိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ ရှိတဲ့ cholesterol ကို လျော့ချပေးနိုင်ပြီး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

(၇)ဝိုင်သောက်ခြင်းရဲ့ နောက်ထပ် အံ့သြစရာအချက်တစ်ခုကတော့ ကင်ဆာရောဂါ အဆင့်(၂) မှ သက်သာလာအောင် ကာကွယ်နိုင်ပါတယ်။

(၈) ဝိုင်ကို အမြဲပုံမှန်သောက်နေသူ အတွက်ကတော့ ကင်ဆာရောဂါကို လုံးဝမဖြစ်စေနိုင်အောင် ဟန့်တားပေးပါတယ်။

(၉) ဝိုင်သောက်ခြင်းကြောင့် စိတ်ကိုတက်ကြွစေနိုင်တဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီးကောင်းမွန်လာစေပါတယ်။

(၁၀) နောက်ဆုံးတစ်ချက် ကတော့ အံ့သြစရာပါပဲ ဝိုင်သောက်ခြင်းကြောင့် ကျန်းမာစွာနေထိုင်နိုင်တဲ့ အတွက် လူ့သက်တမ်းကို တိုးမြှင့်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

Source:www.wideopeneats.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။