မြန်မာ့လက်ရွေးစင်တစ်ဦးလည်းဖြစ်ပြီးရန်ကုန်ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူး

မောင်မောင်လွင်ကတော့မနေ့ညကယှဉ်ပြိုင်ကစားတဲ့ဘာရိန်းနဲ့ခြေစမ်းပွဲမှာခါးဒဏ်ရာရခဲ့တာ

လည်းဖြစ်ပါတယ်။ထိုဒဏ်ရာကြောင့်ဘယ်လောက်ကြာကြာနားရမလဲဆိုတာမသိသေးပေမယ့်

ပရိတ်သတ်တွေကဆူဇူကီးဖလားပြိုင်ပွဲနီးလာတဲ့နဲ့တူတူစိတ်ပူနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အာရှအားကစားပြိုင်ပွဲတွေမှာမြန်မာအသင်းအတွက်ခြေစွမ်းပြီးဂိုးတွေသွင်းနိုင်တာကြောင့်

မြန်မာအသင်းရဲ့တိုက်စစ်ကိုအားကိုးနေတာဖြစ်ပါတယ်။အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့အောင်သူ၊

ကျော်ကိုကိုတို့ဒဏ်ရာတွေရနေချိန်မှာမြန်မာအသင်းအတွက်မောင်မောင်လွင်လိုအားကိုးရတဲ့

ကစားသမားတစ်ယောက်ဒဏ်ရာရသွားတာကတော့အသင်းအတွက်အကြီးမားဆုံးထိုးနှက်ချက်ပဲဖြစ်ပါတယ်။

မောင်မောင်လွင်ကသူ့ကိုစိတ်ပူနေတဲ့ပရိတ်သတ်တွေအတွက်လည်း"ကျွန်တော် ဒဏ်ရာတွေထက် (ခါး) အသင်းရဲ့အရှုံးရလဒ်ကကျွန်တော် ကို ပိုမိုနာကျင်စေပါတယ်ကျွန်တော်အသင်းအတွက်အရာအားလုံးပေးဆပ်ဖို့ပြင်ထားတာပါဒဏ်ရာတွေပျောက်ကင်းတဲ့အထိပေါ့ပရိတ်သတ် ကြီးလဲ မစိုးရိမ်ပါနဲ့ ကျွန်တော် မောင်မောင်လွင် ပါ ဒဏ်ရာ တွေကို အံတုထားပါတယ်"ဆိုပြီးပရိတ်သတ်တွေကိုပြောထားတာဖြစ်ပါတယ်။အဒီကကစားသမားတွေဒဏ်ရာ

တွေရနေတဲ့မြန်မာအသင်းဆူဇူကီးဖလားမှာဘယ်လိုအကောင်းဆုံးယှဉ်ပြိုင်မလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

SOURCE:Mg Mg Lwin.11

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။