လူတိုင်းကတော့ သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ ဟိုတယ်မှာတည်းပြီး ခရီးထွက် ချင်ကြတာ ပါဘဲ ။ ဒါပေမယ့် ဘဝမှာ တစ်ကြိမ်လောက်တော့ ခက်ခဲကြမ်းတမ်းတဲ့ တောင် တက်ခရီးတို့၊ trekking ခရီးသွားသင့်တယ်ပါတယ်။ ဒီလိုပင်ပင်ပန်းပန်းနဲ့ ခက်ခဲကြမ်းတမ်းတဲ့ စွန့်စား ခရီးထွက်မယ်ဆိုရင် သင့်ရဲ့ စိတ်ကို အမှန်တကယ် စိတ်လက်ပေါ့ပါး စေမှာပါ။

(၁) စိတ်ကျေနပ်မှုရရှိစေပါတယ်

ဒီလိုခက်ခံကြမ်းတမ်းတဲ့ ခရီး၊ တောင်တက်ခရီးတွေ သွားတဲ့အခါမှာ ကိုယ့်အားကိုယ်ကိုးပြီး တက်မှ တောင်ထိပ်ကို အဆင်ပြေပြေ ရောက်နိုင်မှာပါ။ ဒီတော့.. ကိုယ့်ကြိုးစားအား ထုတ် မှု ၊ လုံ့လစိုက်မှုကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ချောချောမွေ့မွေ့လုပ်ဆောင်သွားနို င် တဲ့ အတွက် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာပါ။ ငါလုပ်နိုင်တာပဲ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်ပေါ်စေတဲ့ ကျေနပ်စိတ်ကလေး ရရှိလာစေပါတယ်။

(၂) မိတ်ဆွေရင်းများရရှိနိုင်ပါတယ်

လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်၊ အတွင်းစိတ်ကို သိချင်ရင် ခရီးတူတူသွားကြည့်ပါတဲ့။ အပေါင်းအသင်းတွေနဲ့ ခရီးထွက်တဲ့အခါမှာ လိုက်လျောညီထွေစွာ နေထိုင်တတ်သူ၊ ကူညီဖေးမပြီး မိသားစုစိတ်ဓာတ်ရှိတဲ့သူက သင့်အတွက် မိတ်ဆွေကောင်းပါပဲ။ ဒီတော့.. ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ခရီးတွေ တူတူသွားတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးကူညီဖေးမရင်း မိတ်ဆွေရင်း၊ မိတ်ဆွေတု ခွဲခြားနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု လျော့ကျစေပါတယ်

စွန့်စားသွားလာရတဲ့ ခရီးက သင့်ရဲ့စိတ်ဖိစီးမှု ၊ စိတ်ရှု့ပ်စရာများကို ပြေလျော့စေပါတယ်။ လမ်းလျှောက်ပြီး သွားတဲ့ ခရီးမျိး၊ တောင်တက်ခရီးတွေက စိတ်ဖိစီးမှုကို အမှန်တကယ် လျော့ပါးစေ ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စွန့်စားရတဲ့ ခရီး ထွက်ကြည့်လိုက်ပါ။

(၄) ဘဝအတွက်အရေးပါတာ၊ မပါတာခွဲခြားသိလာနိုင်ပါတယ်

သင့်ဘဝအတွက် ဘယ်အရာတွေက အရေးပါနေတာလဲ ဆိုတာကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးထွက်တဲ့ အခါမှာ သိလာပါလိမ့်မယ်။ ငါဘာအားသာချက်တွေရှိပြီး ဘာတွေအားနည်း နေ လဲ ဆိုတာမျိုးပေါ့။ ခရီးထွက်ခြင်းက စိတ်ကိုလည်း ပြောင်းလဲစေသလို၊ သင့်ဘဝကိုလည်း ပြောင်းလဲပေး နိုင်တဲ့ အရာတစ်ခုပါပဲ။

(၅) ဗဟုသုတများရရှိနိုင်ပါတယ်

နေရာသစ်၊ ပတ်ဝန်းကျင်သစ်က လူနေမှုပုံစံတွေ ကို လေ့လာခွင့်ရပြီး မသိရှိသေးတဲ့ အကြောင်းအရာများ၊ ဗဟုသုတများ ကိုလည်း ရရှိနိုင်ပါသေးတယ်။ လေယာဉ်၊ ကားနဲ့ သက်တောင့်သက်သာ သွားလာမယ့်အစား၊ လမ်းလျှောက်ခရီးမျိုးက ပိုမိုအမြင်ကျယ်စေပြီး ခရီးသွားတဲ့ အတွေ့အကြုံအစစ်အမှန်ကို ရရှိစေမှာပါ။

Source : tourradar.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။