အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပြီး ပရိသတ်အချစ်တော်အဆိုတော်တွေထဲမှာလဲ တစ်ယောက်အပါအဝင် ဖြစ်တဲ့ အောင်ထက်ကတော့ ချစ်ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်ကြီး ဖြစ်သလို ချစ်ပရိသတ်တွေရဲ့ အချစ်ပေါင်းများစွာကို ရယူပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

ယနေ့မှာတော့ အောင်ထက်တစ်ယောက် လူတွေမှာ ရှိတတ်တဲ့ အကျင့်လေးတစ်ခုကို စိတ်မကောင်းစွာနဲ့ ပြောပြာလာခဲ့ပါတယ်။ အောင်ထက်ကတော့ " လူတွေမှာ ရှိတတ်တဲ့ အကျင့်တစ်ခုရှိတယ်အဲဒါကတော့သူတစ်ပါးဆီက ကိုယ်လိုချင်တာမရရင် ကိုယ့်အတွေးနဲ့ကိုယ်အဲဒီလူကို အပြစ်တင်တတ်ကြတဲ့ စိတ်ပါပဲ " ဆိုပြီးပြောထားပါတယ်။  

" ကျွန်တော်လည်း အဲဒီလိုမဖြစ်အောင်နေရမယ်လူတွေမှာ သူ့အခက်အခဲနဲ့သူရှိတယ်ဆိုတာ နားလည်ထားရင်အပြစ်တင်ခြင်း စကားတွေနဲ့ထိုးနှက်ပြီး သူတစ်ပါးကို စိတ်ထိခိုက်အောင်လုပ်ခြင်းတွေ ရှိတော့မှာမဟုတ်ဘူးဒီလိုအတွေးမျိုးလူတိုင်းမှာရှိထားရင် ကိုယ်လည်းငြိမ်းချမ်းမယ်သူတစ်ပါးလည်း အေးချမ်းမယ်လို့ ကျွန်တော်ယူဆတယ်" ဆိုပြီပြောထားခဲ့တာပဲဖြစ်ပါတယ်။ 

SOURCE: AUNGHTET

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။