“မိုးကောင်းကင်အိပ်မက်” ဇာတ်ကားရဲ့ မင်းသမီးချောလေးဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထုတ်လွှင့်ပြသမှု နောက်ဆုံးဇာတ်သိမ်းပိုင်းနေ့လေးဖြစ်တဲ့ စက်တင်(၁၇)ရက်နေ့လေးမှာပဲ သူမရဲ့ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်..။

ဖခင်ဆုံးပါးသွားတဲ့ အကြောင်းလေးကိုလည်း အဲ့ဒီနေ့လေးမှာပဲ ဝမ်းနည်းစွာနဲ့ ပရိသတ်တွေကို အသိပေးပြောပြလိုက်တာ ဖြစ်ပြီး ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်..။

ယနေ့အောက်တိုဘာ(၁၇)ရက်နေ့လေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာ (၁)လပြည့်တဲ့ နေ့လေးဖြစ်သလို ဖခင်အတွက် ရည်စူးကုသိုလ်လေးတွေလည်း ဆက်တိုက်ပြုလုပ်ပေးနေတာ တွေ့ရပါတယ်..။

ဖခင်ဖြစ်သူအတွက် တစ်လပြည့်ရည်စူးကုသိုလ်လေးအဖြစ် နာရေးကူညီမှုအသင်းက ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေတွေ လှူဒါန်းဖြစ်သလို ကျောက်ကပ်လူနာ နှစ်ဦးအတွက်လည်း သီးသန့်ဆေးကုသစရိတ် ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်..။

ရည်စူးလှူဒါန်းမှု ကုသိုလ်အစုစုတို့ကိုလည်း သူမရဲ့ဖခင်ကို အမျှပေးဝေထားပြီး ပါးကြီးကောင်းရာမွန်ရာရောက်ပါစေဆိုပြီးတော့လည်း ဝမ်းနည်းစိတ်မကောင်းစွာ ဆုတောင်းစကားလေးလည်း ဆိုထားပါသေးတယ်..။

သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ဓာတ်ပုံလေးတွေနဲ့အတူ ပိုးကြာဖြူခင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေက သူမရဲ့အလှူလေးကို သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။