စိတ်ဝင်စားဖို့ ကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ အဆိုတော် zhang muyi နဲ့ မော်ဒယ်လ်မလေး akama miki တို့ဟာ လွန်ခဲ့တဲ့ (၆) နှစ် (2012 ခုနှစ်) လောက်က အရွယ်အရမ်းကို ကွာခြားလွန်းလို့ ဝေဖန်ခံခဲ့ရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့ ချစ်သူတွေဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ Akamaက အသက်(၁၂) နှစ်သာ ရှိသေးပြီး အဆိုတော် zhang muyi ကတော့ (၂၄) နှစ်ဖြစ်ပါတယ်။ အသက်ရွယ်အားဖြင့် (၁၂) တိတိကွာခြားသလို Akama ဟာ အရမ်းကို ငယ်သေးတာကြောင့် zhangကို ကလေးသူငယ်ဖျားယောင်းမှုနဲ့ တောင် တရားစွဲလို့ ရတယ် ဆိုတဲ့ထိ ဝေဖန်ခံခဲ့ရပါတယ်။

Akamaရဲ့ အသက်(၈) နှစ်လောက်ကတည်းက သူမရဲ့ ဂီတဆရာဖြစ်သူ အဆိုတော် zhang ဆီ မှာ ဂီတနဲ့ အဆိုပညာကို သင်ကြားဖို့ ငှားရမ်းခဲ့ရာမှ တွေ့ဆုံခဲ့တာဖြစ်ပြီး 2012 ခုနှစ်မှာ သူတို့ ချစ်သူတွေဖြစ်ကြောင်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ Akama miki ကတော့ 1999ခုနှစ်၊ စက်တင်ဘာလ(၁၁) ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူမရဲ့ အဖေက ဂျပန်လူမျိုးတစ်ယောက်ဖြစ်ကာ အမေကတော့ (တရုတ်-ဂျာမန်) သွေးနှော တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိဘဖြစ်သူတွေကတော့ ငယ်စဉ်ကတည်းက သူမကို ကနေဒါနိုင်ငံမှာ ပညာသင်ကြားစေခဲ့ကာ ကလေးဖက်ရှင်လ် မော်ဒယ်လ်တစ်ယောက် အဖြစ် အနုပညာအလုပ်တွေ စတင်ခဲ့တာဖြစ်ပါတယ်။

ဂျပန်၊ တရုတ်နဲ့ တိဗက်တရုတ်ဘာသာ စကား(၃) မျိုးကို ကျွမ်းကျင်စွာ ပြောနိုင်ပြီး လက်၇ှိမှာ သူမဟာ အသက်(၁၉) နှစ်အရွယ်ကို ရောက်ရှိလို့ လာပြီဖြစ်ပါတယ်။ သူမ ချစ်သူရဲ့ Training ပေးကာ ဖန်တီးပေးထားတဲ့ "Imagine me without you" "Pretty Boy" နဲ့ "Courageous Love" သီချင်းတွေကို Cover song တို့ နဲ့ အတူ အဆိုတော် တစ်ယောက် အဖြစ် သူမကို သိရှိခဲ့ကြတာ ဖြစ်သလို လက်ရှိမှာ သူမဟာ K-pop နဲ့ J-pop သီချင်းတွေကို လည်းသီဆိုနေဆဲဖြစ်ပါတယ်။

သူမရဲ့ Weibo account မှာ Followers (5) သိန်းကျော်နဲ့ အထက် ရရှိထားသလို အဆိုတော်တစ်ယောက် ၊ မော်ဒယ်လ်တစ်ယောက် အနေနဲ့ အပြင် သရုပ်ဆောင် အနေနဲ့ ပါ အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ချစ်သူဖြစ်သူ zhang muyi နဲ့လည်း ချစ်သူသက်တမ်း(၆) နှစ် ကျော်ရှိပြီ ဖြစ်သလို တစ်ချိန်က တော့အများရဲ့ဝေဖန်မှုတွေ ခံခဲ့ရပေမဲ့လည်း အချစ်စစ်မှာအသက်ဆိုတာ ကိန်းဂဏန်းတစ်ခုဖြစ်ကြောင်း သက်သေပြလိုက်တဲ့ သူတို့ စုံတွဲလေးကတော့ မကြာခင်မှာ လက်ထပ်တော့မယ် လို့ လည်း သတင်းများထွက်ရှိခဲ့ပါတယ်။ zhangဟာ သူမကို လက်ထပ်ရဖို့ သူမ လက်ထပ်နိုင်မဲ့ အရွယ်ကို ရောက်တဲ့ထိ စောင့်နေမယ်လို့ သူ့ရဲ့ Weibo pageကနေ ဆိုခဲ့ဖူးသလို သူမရဲ့ မွေေးန့တိုင်းကို အတူတူဖြတ်ကျော်ခဲ့ကြတာ ဟာ လက်ရှိ သူမ (၁၉) နှစ်ပြည့်တဲ့ အချိန်ထိ ဖြစ်ပါတယ်။

zhang ရဲ့ Weibo pageကနေတော့ 2018ခုနှစ် ၊ အေပရယ်လောက်က “You let me see the most beautiful view in this world.” ဆိုတဲ့ စာသားလေးနဲ့ အတူ သူမကို ကမ္ဘာပေါ်မှာ အလှဆုံးတစ်ခုအဖြစ် မြင်တွေက ခွင့်ပေးပါ လို့ တောင်းဆိုထားသလို သူတို့ နှစ်ဦးလက်ထပ်တော့အမလား ဆိုတာလည်း တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ တရုတ်မီဒီယာ တွေ တစ်ချို့ကတော့ သူတို့ လက်ထပ်တော့မယ် လို့ ဖော်ပြနေကြသလို အချိန်တွေ အကြာကြီး စောင်ခဲ့ပြီး မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုနိုး နဲ့ ချစ်ခဲတဲ့zhang ရဲ့ အချစ်ဟာလည်း တကယ့်ကို ချီးကျူးလောက်စရာ ဖြစ်ပါတယ်။

source:https://www.marathi.tv & https://mothership.sg ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။