နာမည်ကျော်သရုပ်ဆောင်မင်းသမီးချော မိုးယုစံကတော့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေအပြင် ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေရင်ထဲရောက်ရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်နေသလို အမြဲအလိုလိုက် ချစ်ခင်တတ်တဲ့ ခင်ပွန်းသည်နဲ့အတူ ချစ်စရာကောင်းတဲ့ သားသားလေးကို ပိုင်ဆိုင်ထားပြီး သူမတို့မိသားစုပုံရိပ်လေးတွေကတော့ တကယ်ကို ပျော်ရွှင်ကြည်နူးစရာမို့ ပရိသတ်တွေတော်တော်များများကလည်း ကြည်နူးအားကျနေကြရတာ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုအခိုင်အမာရရှိထားပေးမယ့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားတဲ့ သူမကတော့ ခင်ပွန်းနဲ့သားလေးအတွက် အမြဲအချိန်ပေးဖြစ်နေပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် မိသားစုတာဝန်တွေကို ကျေပွန်အောင် ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ မင်းသမီး မိုးယုစံတစ်ယောက်ကတော့ အိမ်ထောင်ရှင်မတစ်ယောက်ပီပီ မီးဖိုခန်းဝင်ပြီး ထမင်းဟင်းတွေကိုယ်တိုင်ချက်ပြုတ်နေတယ်လို့ ဆိုပါတယ်..။

မိုးယုကတော့ ကိုယ်တိုင်မီးဖိုခန်းဝင်ပြီး သူမ စားချင်တဲ့မာလာရှမ်းကောကို အစ်မဖြစ်သူနဲ့အတူ ကိုယ်တိုင်လုပ်စားနေတယ်ဆိုပြီး ဓာတ်ဖမ်းထားတဲ့ ဓာတ်ပုံလေးတွေအတူ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

“အိမ်ရှင်မလေးပေါ့လို့ ကိုယ်စားချင်တာဆို ကိုယ့်ဘာသာလုပ်စားတယ်(မာလာရှမ်းကော ချစ်မနဲ့ကိုယ်တိုင်လုပ်စား)..” ဆိုပြီး ပြန်လညမျှဝေထားပြီး သူမစားချင်တာကို ကိုယ်တိုင်ချက်ပြုတ်လုပ်စားနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ တကယ်ကို ပျော်ပျော်ရွှင်ရွှင်ပါပဲနော်..။

Photo - မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။