ဂီတလောကရဲ့ ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အဆိုတော်တင်ဇာမော်ကတော့ သူမရဲ့ဆွဲငင်အားပြည့်တဲ့ အသံနဲ့ ပရိသတ်ရင်ထဲမှာ နေရာအပြည့်ယူထားသူ ဖြစ်ပါတယ်။ အောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူထားတဲ့ တင်ဇာမော်က အရည်အချင်းရှိတဲ့ ဝါရင့်အဆိုပညာရှင်တစ်ဦးဖြစ်သလို သူမရဲ့သီချင်းတွေကလည်း အချိန်အတော်ကြာအောင် လူကြိုက်များအောင်မြင်နေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာ တင်ဇာက တစ်ကိုယ်တော်ရှိုးပွဲတွေပြုလုပ် သီဆိုနေတာလည်း တွေ့ရပါတယ်။

အခုလည်း တင်ဇာက မင်းသားကျော်ထက်အောင်နဲ့အတူ သီချင်း MTV လေးတစ်ပုဒ်ကို အတူဖန်တီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ Audio အနေနဲ့ ထွက်ရှိထားတဲ့ တင်ဇာမော်ရဲ့ "မထင်ခဲ့ဘူး" ဆိုတဲ့ အချစ်အလွမ်းသီချင်းလေးကို တင်ဇာက ဇာတ်လမ်းတစ်ပုဒ်နဲ့ ပြန်လည်အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစထဲက လူကြိုက်များအောင်မြင်ခဲ့တဲ့ ဒီသီချင်းကောင်းလေးက အခုလည်း ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့ပါတယ်။

အရင်က သူမတစ်ယောက်တည်းသာ ချစ်မြတ်နိုးပြီး အပြည့်အဝဂရုတစိုက်နဲ့ ချစ်ပေးခဲ့တဲ့ချစ်သူက သူမမရှိတော့တဲ့ နောက်ပိုင်းမှာ အခြားကောင်မလေးတစ်ယောက်ကို အစားထိုးချစ်ခဲ့ပါတယ်။ သူမ မထင်ထားခဲ့တဲ့ ချစ်သူက ဒီလိုသစ္စာပျက်ပြားနေတာကို ဘေးကနေကြည့်နေရုံလေးအဖြစ်နဲ့သာ ရင်ကွဲခံစားနေတဲ့ အဆွေးဇာတ်လမ်းလေးအဖြစ်နဲ့ သီချင်းလေးကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် တင်ဇာမော်ရဲ့ "မထင်ခဲ့ဘူး" ဆိုတဲ့ နားဆင်သူတိုင်းခံစားစေရမယ့် သီချင်းကောင်းလေးရဲ့ MTV လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Htet Aung ;

Video: Credit သီချင်းချစ်သူများနှင့်သီချင်းကောင်းလေးများ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။