မိုးစက်ဝိုင်ကတော့ အမြဲလိုလို အေးဆေးတည်ငြိမ်တဲ့ ပုံစံလေးနဲ့ပဲနေတတ်တာကြောင့် ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။

လတ်တလောမှာဆိုရင်တော့ မိုးစက်ဝိုင်ဟာ အနုပညာလှုပ်ရားမှုတွေထက် သူမပါဝင်တဲ့ Myanmar’s Heart Charity Group နဲ့အတူ ပရဟိတလှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ 

မိုးစက်လက်ရှိပြုလုပ်နေတဲ့ ပရဟိတအလှူကတော့ ဆေးရုံတွေမှာ ဘတ်တီးရီးယားတွေ လုံးဝမတွယ်ကပ်နိုင်တဲ့ Anti bacteria , anti odour အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကိုလိုက်လံလှူဒါန်းနေတာပဲဖြစ်ပါတယ်။

မိုးစက်တို့လှူဒါန်းတဲ့ အိပ်ယာခင်းတွေကတော့ အရည်အသွေးအထူးမွမ်းမံထားပြီး ဘတ်တီးရီယား မကပ်နိုင်တဲ့အပြင် ချွေးနံ အနံအသက်များကို လည်း အပြည့်အဝ ထိန်းသိမ်းထားနိုင်သလို ဆီးချိုကြောင့်အနာမကျက်သူတို့အတွက် အထူးစီမံစမ်းသပ် ထုတ်လုပ်ထားတဲ့ အိပ်ယာခင်းတွေပဲဖြစ်ပါတယ်။

သူမအခုလိုလှူဒါန်းဖြစ်ပုံးလေးကိုတော့” မိုးစက်ပြီးခဲ့တဲ့၅ လလောက်က ဘဝမှာ ပထမဆုံးကြိမ်ဆေးရုံတက်ဖူးပါတယ် . အူအတက်ဆိုပြီးတော့ ကံကောင်းလို့ မခွဲလိုက်ရတာပါ .. ဒါပေမဲ့ နားလည်သွားတာတခု ကတော့ လူတယောက်ဟာဘယ်လောက်ပဲ ကြိုးစားပြီးခိုင်မာချက်တွေရှိရှိနေမကောင်းတဲ့ချိန်မှာဘာမှ မရှိတော့ပါဘူး .. အဲအချိန်မှာရရှိတဲ့ သေးသေးလေးသောဂရုစိုက်မူတွေတိုင်းကအားဖြစ်စေပါတယ် . အဲဒါကြောင့်မို့ ဆေးရုံတက်နေတဲ့ သူတွေကို သန့်ရှင်းသောအိပ်ယာခင်းလေး နဲ့ စိတ်ကြည်ပြီး အားဖြစ်စေရန်ရည်ရွယ်ပြီးလှူဖို့ အတွေးလေးရသွားတာပါ “ လို့ပြောကြားခဲ့ပါတယ်။

အခုလက်ရှိအချိန်ထိဆိုရင်တော့ မိုးစက်တို့အဖွဲ့ဟာ ရန်ကုန်ပြည်သူဆေးရုံကြီး မှာ အစုံရေ ၁၀၀ (တန်ဖိုး၂၅သိန်း ဝန်ကျင်ခန့် )

ပြည်သူ့ဆေးရုံကြီး(ရန်ကုန် အနောက်ပိုင်း )မှာ အစုံရေ ၁၀၀ (တန်ဖိုး၂၅ သိန်းဝန်ကျင် ခန့် )

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး မှာ အစုံရေ ၁၀၀ (တန်ဖိုး၂၅ သိန်း ဝန်းကျင်ခန့်) ကို သွားရောက်လှူဒါန်းပြီးပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ဆေးရုံတွေကလည်း မိုးစက်တို့လှူဒါန်းထားတဲ့ အထူးအိပ်ယာခင်းတွေကို တကယ်လိုအပ်သော

ခွဲစိတ်ဆောင်များ

Burning Unit ( မီးလောင်ဒဏ်ရာရအဆောင်များ)

ဦးနှောက်နှင့် အာရုံကြော ဆောင်များ

အထူးကြပ်မတ်ဆောင်များတွင် အသုံပြုသွားမှာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အခုလို စေတနာသဒ္ဒါတရားထက်သန်စွာလှူဒါန်းမှုတွေပြုလုပ်နေတဲ့ မိုးစက်ဝိုင်ရဲ့ လှူဒါန်းမှုလေးတွေကို သာဓုခေါ်ဆိုပေးသွားကြဦးနော်ပရိသတ်ကြီးရေ။

source - Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။