ပရိသတ်အချစ်တော်နေတိုး က ကြွေလွင့်သွားပြီဖြစ်တဲ့ ညီလေးမင်းသွေးအတွက် ရည်စူးပြီး အောင်ဇဗ္ဗူတောရကျောင်းမှာ ရဟန်းခံအလှူကို ကျော်ကျော်ဗိုနဲ့အတူ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပါတယ်။ ဥပသမ္ပဒ ကံဆောင် ရဟန်းခံ အလှူတော် မင်္ဂလာ အခမ်းအနား ကိုတော့ အောက်တိုဘာလ (၁၄) ရက်နေ့ က မှော်ဘီမြို့၊ အောင်ဇမ္ဗ္ဗူတောရ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါတယ်။ 

ယနေ့မှာတော့ ရဲလေးတစ်ယောက် နားရက်လေးရရချင်း ဦးဇင်းတွေဆီ အလည်သွားရင်း အလှူတွေပါပြုလုပ်ခဲ့ပါတယ်။ ရဲလေးကတော့ " ဒီနေ့ နားရက်လေးအချိန်ရလို့မနက်က Bella ရဲ့ပညာရေးကျောင်းဆောင် လှူတန်းရေစက်ချပွဲလေးနဲ့နေ့လည် ဦးဇင်း တွေဆီ သွားရောက် လှူတန်းခဲ့ပါတယ်~~ ဦးဇင်းတွေစွန့်ကျဲတာတွေကို ပါ အဝစားခဲ့တယ်လေ ~~ " ဆိုပြီးပြောထားပါတယ်။ 

ရဲလေးကတော့ အောက်တိုဘာ၁၃ စနေနေ့ မင်္ဂလာမန္တလေးမှာ YLJKတွေ special guest အဖြင့် သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် နားရက်လေးရရချင်း ဦးဇင်းတွေဆီ အလည်သွားရင်း အလှူတွေပါပြုလုပ်ခဲ့တဲ့ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source: yelay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။