အကယ်ဒမီ ဇင်ယော်မောင်မောင် ဆိုရင် မသိသူ မရှိလောက်အောင် ရုပ်ရှင်လောကမှာ နာမည်ကြီးသလို တကယ့်ကို တော်ပြီး ထူးချွန်တဲ့ ဒါရိုက်တာ၊ ထုတ်လုပ်ရေး တစ်ယောက်ဖြစ်ပါတယ်။ 1983 ခုနှစ် လောက်က "တတိယအရွယ် ဒုတိယအသည်းကွဲခြင်း" ဆိုတဲ့ ရုပ်ရှင်နဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး မောင်(ဒါလင်) ဆိုတဲ့ Video နဲ့ စတင် နာမည်ကြီး လူသိများလာခဲ့ပါတယ်။

အကယ်ဒမီ မင်းသမီးကြီး ဖြစ်တဲ့ အကယ်ဒမီ မေသန်းနုနဲ့ လက်ထပ်ခဲ့ပြီး သားလေး မင်းသန့်မောင်မောင် ဆိုတဲ့ သားချောလေးကို မွေးဖွားခဲ့ပြီး လက်ရှိမှာ အဖေရဲ့ ဒါရိုက်တာ ပညာအမွေအနှစ်ကို ပါ ဆက်လက် ဆက်ခံပြီး နိုင်ငံတကာထိ ဒါရိုက်တာ ပညာတွေကို သင်နေသူဖြစ်ပါတယ်။ အကယ်ဒမီ ဇင်ယော်မောင်မောင် ဟာ သူ့တသက်တာလုံးမှာ ရုပ်ရှင်ကြီး (၉) ကားရိုက်ကူးခဲ့ပြီး ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု (၆) ဆု ရရှိခဲ့ပါတယ်။

ထပ်ဆင့် အကယ်ဒမီ တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆုံး ဒါရိာု်ကတာတွေထဲက တစ်ယောက်ဖြစ်သလို ယနေ့ အောက်တိုဘာလ(၁၇) ရက်နေ့ ကတော့ အကယ်ဒမီဇင်ယော် မောင်မောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိုတော့ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတွင် သီတင်းသုံးတော်မူသော ယောဆရာတော်ကြီးအား အမှူးထား၍ သံဃာတာ်အပါး(၁၄၀)အား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး သူ့ရဲ့ မိတ်ဆွေနဲ့ အခြားသော အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ မင်းသမီး ကြီး ဝါဝါ၀င်းရွှေ၊ လင်းဇာနည်ဇော်၊ ရဲအောင် ၊ မာရီကိုးလ် တို့ဟာလည်း မွေးနေ့ကို တက်ရောက်ခဲ့ပါတယ်။မွေးနေ့မှာ မင်္ဂလာရှိရှိနဲ့ အကုသလိုတွေ တဝကြီးရအောင် ပြုလုပ်ခဲ့တာမို့ အကယ်ဒမီဇင်ယော်မောင်မောင်ရဲ့ မွေးနေ့မှ သည် နောက်နှစ်များစွာတိုင် ဒီထက်ပို လှူနိုငပါစေလို့ ဆုတောင်းပေးရင်း ယနေ့ကုသိုလ် ကို ပရိသတ်များ နဲ့နတ်လူသာဓု ခေါ်နိုင်အောင် မျှဝေထားပါတယ်။

source: Zin Yaw Mg Mg;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။