အပျိုကြီး မအေးသောင်းတစ်ယောက် သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်တွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ အသားရောင်မြန်မာဝတ်စုံလေးနဲ့ သူမကအလှကြီးလှလို့နေပါတယ်။ လုံးကြီးပေါက်လှခန္တာကိုယ်ဟာ ပုရိသတွေရဲ့အသည်းစိုင်ကို ဆွဲကိုင်လှုပ်ခါလို့နေပါတယ်။ အသက်သုံးဆယ် ကျော်အရွယ် ရင့်ကျက်တဲ့အမျိုးသမီးတစ်ဦးအဖြစ်နဲ့ သူမက အနုပညာလမ်းကြောင်းပေါ်ကို တကျော့ပြန် လှလှပပဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုကိုရောက်ရှိခဲ့ပြီးနောက်မှာတော့ သူမက တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေနဲ့ အမိုက်စားအတွေးအခေါ်လေးတွေကို ပရိသတ်တွေထံ အမြဲတမ်းဝေမျှပေ့လေ့ရှိသူတစ်ယောက်ပါပဲ။ အမြဲလိုလို သူမရဲ့ ပုံရိပ်လေးတွေမှာ ဒဿနစာလေးတွေရေး သားတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလောကကို ပြန်လည်ခြေချပြီးနောက် ပိုင်းမှာတော့ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို " သူ့မျက်နှာ တစ်ချက်ငြိုလိုက်တာနဲ့ ကမ္ဘာပေါ်မှာနေစရာမဲ့သွာတာကိုယ်ပါ။ ကိုယ်ဟာ အချစ်ကျူးပါ သက်ရောက်မှုအားကြီးလိုက်တာ။" ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အမြဲလိုလိုကြွေလောက်တဲ့ စကားလုံးတွေနဲ့ ဒဿနအလန်းစားလေးတွေ ရေးတတ်တဲ့အပျိုကြီးမမပါပဲ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။