ပရိသတ်တွေက ချစ်စနိုးနဲ့ မိုင်လေးလိုခေါ်ကြတဲ့ အဆိုတော် ရတနာမိုင်ကတော့အနုပညာလှုပ်ရှားမှုတွေကိုအင်တိုက်အားတိုက် ဆောင်ရွက်နေတာကြောင့် ပရိသတ်တွေအတွက် ပုံရိပ်လှလှလေးတွေ လက်ဆောင်ပေးဖို့တောင် အချိန်မရှိတာကြာခဲ့ပါပြီ။ အမေဖြစ်သူဆီက အဆိုပညာတွေရရှိထားသလို သူမအနေနဲ့လည်းကောင်းမွန်တဲ့ အသံချိုချိုလေးကြောင့် ပရိသတ်တွေအားပေးချစ်ခင်မှုများစွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ရတနာမိုင်တစ်ယောက် အခုတစ်ခေါက်မှာတော့ ပရိသတ်တွေအတွက် ပုံရိပ်လှလှလေးတွေကို ရူပဒါန အဖြစ် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ပြန်လည်မျှဝေလိုက်ပါတယ် ။ ပုံရိပ်လေးတွေထဲမှာတော့ မိုင်လေးတစ်ယောက် ဘာဘီအရုပ်မလေးလို လှပနေတာကတော့ အထူးပြောစရာမလိုအောင်ပါဘဲ။

"သံသရာလာရာလမ်းမှာခလုတ်ဝင်တိုက်ဖူးခဲ့တယ် အပေါ်ယံများရှိခဲ့ပါတယ်ပုံမတင်ဖြစ်တာကြာပီမို့လို့ ကိုယ်ထင်လာပြတာ ဟီးဟီး" လို့ရေးသားပြီးလူမှုကွန်ယက်ပေါ်မှာပြန်လည်မျှဝေခဲ့တာပါ ။ မိတ်ကပ်ဆိုရာ ရဲ့ ကိုရီးယားဆန်ဆန် မိတ်ကပ် အပြင်အဆင်ရယ် ၊ Fujifilm XA5 ကင်မရာ ရယ်ပေါင်းစပ်လိုက်တဲ့အခါ အခုလို လှပနေတဲ့ ဘာဘီအရုပ်မလေးကို မြင်တွေ့ရတာပါတဲ့ ။ ပရိသတ်ကြီးရေ မိုင်လေးကို သတိရကြသေးတယ်ဆိုရင် မှတ်ချက်မှာပြောပေးဖို့ မမေ့ကြပါနဲ့နော်။

Source - Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။