အရုပ်မလေးအတိုင်းချစ်စရာကောင်းတဲ့ မင်းသမီးသွန်းဆက်တစ်ယောက် သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ယခင်က ပြည့်ပြည့်၀၀ခန္ဓာကိုယ်လေးကနေ အခုဆိုရင် အနည်းငယ်ပိန်သွယ်သွားပြီး ချစ်စရာကောင်းတဲ့ အနေအထားတစ်ခုကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းလေးကနေ ဘာဘီအရုပ်မလေးလို ချစ်စရာကောင်းတဲ့ အနေအထားလေးကို ရောက်ရှိသွားပါပြီ။

သူမဟာ အောင်မြင်တဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ အနုပညာလောကမှာ လျှောက်လှမ်းခဲ့တာ အချိန်အတိုင်းအတာတစ်ခုရှိနေပြီဖြစ်ပြီး သူမကို ချစ်ခင်အားပေးတဲ့ပရိသတ် တွေကလည်း အများအပြားပါပဲ။ ထိုင်းမလေးလိုလို ကိုရီးယားမလေးလိုလိုနဲ့ သူမရဲ့ပုံစံလေးဟာ သွယ်သွယ်လျလျ လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ We Love တွေအတွက် အမြဲလိုလိုတင်ပေးလေ့ရှိပါ တယ်။ ဒီနေ့မှာလည်း လူငယ်ဆန်ဆန်ပုံရိပ်လေးနဲ့ ရှပ်အင်္ကျ ီအဖြူရောင်လေးကို ပန်းရောင်စကဒ်အကားလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံစံက တကယ်ကိုပဲကြွေချင်စရာကောင်းလွန်းနေပါတယ်။ သူမက Tik Tok လည်း မကြာခဏဆော့တတ်ပြီး အသည်းယားချင်စဖွယ်ပုံစံလေးကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေရသူလေးပါပဲ။ပရိသတ်ကြီးကို သွန်းဆက်ရဲ့ ချစ်စဖွယ် ပုံရိပ် လေးတွေနဲ့ မိတ်ဆက် ပေးလိုက်ပါရစေ။

Photo - Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။