ညိုချောလေးအိမ့်ချစ်တစ်ယောက် သူမရဲ့MTV ရိုက်ကွင်းပေါ်ကအလွင့်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာဖြန့်ဝေ လိုက်တာပဲ ဖြစ်ပါတယ်။ ညိုချောတွေလှရင် ဖြူချောတွေလိုက်မမှီဘူးဆိုတဲ့အတိုင်း သူမက တစ်နေ့တခြားပိုပိုပြီး လှလို့နေပါတယ်။ အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်ဆဲပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ အဆိုတော်ဦချစ်ကောင်းရဲ့ ခြေရာကိုအပြည့်အဝနင်းနိုင်တဲ့ သမီးလိမ္မာလေး တစ်ဦးပါပဲ။ သူမအသက်ဆယ့်လေးနှစ်အရွယ်ကတည်းက မိသားစုကို ကျေးဇူးဆပ်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မောင်ဖြစ်သူကို ဂီတလောကထဲကို လက်တွဲခေါ်ယူနေတဲ့ အမကြီးအမိရာပီသသူ တစ်ဦးလည်းဖြစ်ပါတယ်။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့အပြတ်အသတ်အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။

သူမရဲ့သီချင်း MTV ရိုက်ကွင်းပေါ်က ပုံရိပ်လေးကို " ငြိတွယ်ခဲ့သော' Music Video Shooting လွန်ခဲ့တဲ့ ၉နှစ်လောက်က ရေးခဲ့ဆိုခဲ့တဲ့ R&B လေးတစ်ပုဒ်ကို အရုပ်အသွင်တွေပုံဖော်နေကြသည် " ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးဆီကိုမကြာခင်ရောက်ရှိလာတော့မှာမို့ စောင့်မျှော်အားပေးလိုက်ပါဦးနော်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။