အဆိုတော် Lady Gaga ဆိုရင် ပရိသတ်တွေ အထူးတလည် ပြောစရာမလိုအောင် သိရှိပြီးသားဖြစ်သလို 2009 ခုနှစ်လောက်မှ ာသူမရဲ့ သီချင်းတိုင်းက အရမ်းကို အောင်မြင်ခဲ့တာပါ။ လက်ရှိမှာ သူမရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ "A Star is born" ဆိုတဲ့ Musical film အမျိုးအစား ရုပ်ရှင်ဟာ နိုင်ငံတကာက ရုပ်ရှင်ရုံတိုင်းမှာ ရုံတင်ပြသထွက်ရှိလာပြီဖြစ်သလို သူမဟာ ဒီဇာတ်လမ်းကြောင့် လတ်တလော ပရိသတ်တွေနဲ့ မီဒဓီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူပါ။
သူမရဲ့ ဒီ"A Star is born" ရုပ်ရှင်ထဲမှာ Bradley Cooper နဲ့အတူ အတူသရုပ်ဆောင်ထားပြီး အတူသီဆိုထားတဲ့ ဇာတ်ဝင်သီချင်း "Shallow" ဟာလည်း Billboard Chart Hot 100 ထဲမှာ နံပါတ်(၅) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ Lady Gaga ဟာ Elle Magazine ရဲ့ အောက်တိုဘာလ Cover Model အဖြစ် ဖော်ပြခြင်း ခံခဲ့ရသလို Elle's 25th Annual Women In Hollywood Celebration ကိုလည်း အောက်တိုဘာလ(၁၅) နေ့မှာ တက်ရောက်ခဲ့ပါတယ်။
သူမကိုယ်တိုင် စင်ပေါ်မှာ နုတ်ဆက်စကားပြောကြားပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ သူမရဲ့ ချစ်သူဖြစ်သလိုသူမရဲ့ အရည်အချင်းရှိတဲ့ အေဂျင့်ဖြစ်တဲ့ Christian Carino နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်းနဲ့ သူမရဲ့ ချစ်သူကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူမရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ ပန်းရောင်စိန် လက်စွပ် တကွင်းကို ဝတ်ဆင်ထားပြီး "ကျွန်မဘဝမှာ ချစ်ရတဲ့ အရာအားလုံးကို ကျေးဇူးတင်စကားပြောချင်ပါတယ်။ Bobby (သူမရဲ့ မန်နေဂျာ) ရှင့်ကိုလည်းချစ်ပါတယ်။ အားလုံးပဲ ထိုင်ခုံ(၅) မှာ ထိုင်နေတဲ့ သူကတော့ သူမရဲ့ ချစ်သူ Christian ပါ။ ကျွန်မရဲ့ တနေ့တာတိုင်းကို ဂရုစိုက်ပြီး ချစ်ပေးတဲ့ ကျွန်မရဲ့ ချစ်သူပါ။ ပြီးတော့ Ryan Murphy ၊ကျွန်မကို သရုပ်ဆောင်သစ်တစ်ယောက် အနေနဲ့ ခေါင်းဆောင် ဇာတ်ကော်ငနေရာကို ပေးတာလည်း ကျေးဇူးတင်ပါတယ်။ရွှေကမ္ဘာလုံးဆုဟာ ရှင့်အတွက်ပဲ ဖြစ်မှာပါ။ " စသဖြင့် ဝမ်းသာမျက်ရည်တွေနဲ့ ဆိုခဲ့သလို Lady gaga ကတော့ သူမရဲ့ ချစ်သူနဲ့ စေ့စပ်ပြီးကြောင်း Confirm ပြောကြာလိုက်ပြီဖြစ်ပါတယ်။
source:tps://www.cosmopolitan.com ;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။