ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။   

အဆိုပါ ယာဉ်တိုက်မှုတွေကြောင့် ဆုံးရှုံးမှုများစွာနှင့်အတူ လူနှင့် စိတ်ထိခိုက်သူတွေလည်း များစွာရှိနေခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၈ရက်နေ့အစောဆုံးမှာလည်း ယာဉ်တိုက်မှုတစ်ခုကတော့ ထပ်မံဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် အောင်သုခမီးပွိုင့်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် အိမ်စီးကားတစ်စီးနှင့် ဆိတ်တင်ဆောင်လာသော ကုန်ကားတစ်စီးကတော့ ဆိုးဆိုးရွားရွားထိခိုက်ခဲ့တာတွေ့ရပါတယ်။ ယာဉ်တိုက်မှုကြောင့် လက်ရှိ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆုံးရှုံးခဲ့ရမှုကို ဆက်လက်စုံစမ်းနေပြီး အတိအကျမသိရှိရသေးကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုပုံရိပ်လေးတွေမျှဝေရင်း ပရိသတ်တွေလည်း သတိထားမောင်းနှင်နိုင်ကြပါစေ။

Photos - Kyaw Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။