ချစ်ပရိသတ်ကြီးရေ စံထိပ်ထားဦးလို့ အမည်ပေးထားတဲ့ ထိပ်ထိပ်လေးကတော့ မင်းသမီးချော ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးရတနာလေး ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝထဲက ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ရတဲ့ ထိပ်ထိပ်လေးက အခုဆိုရင် အပျိုပေါက်လေး အရွယ်ကိုရောက်ရှိနေပြီး ဆယ်ကျော်သက်တက်သစ်စ အနုပညာရှင်ဖြစ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိပ်ထိပ်လေးက Cosmetic ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရပါတယ်။

သူမဟာ ရူတင်တွေ ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။သူမကတော့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အမြဲဖက်ရှင်အလန်းတွေနဲ့ ချစ်စရာကောင်းပြီး လှပနေတဲ့သူမကတော့ အခုမှာတော့ မခိုင်လေးနဲ့အတူ ငပလီကမ်းခြေကိုရောက်နေတာဖြစ်ပြီး ထိပ်ထားသခင်လေးနဲ့အတူ ချစ်စရာအရမ်းကောင်းတဲ့Tik tok ဗီဒီယိုလေးကိုရိုက်ကာ ဖေ့ဘွတ်ပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။အရမ်းချစ်စရာကောင်းတဲ့ ထိပ်ထားနှစ်ယောက်ရဲ့ ဗီဒီယိုလေးတွေကတော့ ဘယ်နှစ်ခါကြည့်မိမှန်းမသိအောင်ကို အရမ်းချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေသဘောကြချစ်ခင်နှစ်သက်ကြမှာအမှန်ပဲဖြစ်ပါတယ်။

ထိပ်ထားနှစ်ယောက်ရဲ့ ကလေးလေးလို ချစ်စရာကောင်းနေတဲ့ ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေဆီကိုပါ အပျော်တွေကူးစက်စေတဲ့အထိ လူကြည့်များနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အသည်းယားစရာကောင်းတဲ့ ထိပ်ထားနှစ်ယောက်ရဲ့ ချစ်စရာ အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:San Htate Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။