ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။   

အဆိုပါယာဉ်တိမ်းမှောက်မှုတွေထဲမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကတော့ များစွာရှိနေတာကိုအားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်းတွင် ဆိုးရွားလှတဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်ကတော့ နေပြည်တော် -မန္တလေးလမ်း မိုင်တိုင် ၃၁၀/၃-၃၁၀/၄ ဖာလုံကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

တိမ်းမှောက်ခဲ့တဲ့ ယာဉ်ကတော့အနက်ရောင် Lexus တစ်စီးဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားတောင်စောင်းကို ဝင်တိုက်တိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ကျောက်ဂူဆရာတော်နှင့်အခြား အမျိုးသား ၂ဦးကတော့ ထိခိုက်မှုပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ကြောက်စရာကောင်းတဲ့ ဒီကနေ့ နံနက်ကဖြစ်စဉ်ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။