ပရိသတ်ကြီးရေ လတ်တလောမှုကွန်ယက်ပေါ်မှာဆိုရင်တော့ မိချောင်းကြီးတစ်ကောင်ကို ဖမ်းဆီးထားတဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ လူအများရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်။

ဒီဖြစ်ရပ်ကတော့ Sri Lanka နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဗီဒီယိုလေးကိုကြည့်ရှူသူတွေဟာလည်း မီလီယံနဲ့ချီရှိနေပါတယ်။ 

လူမှုကွန်ယက်ပေါ်မှာပျံံနှံ့လာတဲ့ ဗီဒီယိုလေးရဲ့အစမှာတော့ ရွာသားတွေဟာ ကားတစ်စီးရဲ့နောက်မှာ အလွန်ကြီးမားလှတဲ့ မိချောင်းကြီးတစ်ကောင်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တင်ထားတာကိုတွေ့ရပါတယ်။

၎င်းမိချောင်းကြီးကတော့ အမှီးကိုလှုပ်ရမ်းနေပေမယ့်လည်း ရွာသားတွေက မကြောက်မရွံ့နဲ့ မိချောင်းကြီးကို ကိုင်နေကြတာကိုလည်း ဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။ 

ဒါ့အပြင် ရွာသားတွေဟာ မိချောင်းကြီးကို ကားပေါ်ကနေစောင်းချပေးလိုက်ပေမယ့် အားအင်ချိနဲ့နေတဲ့မိချောင်းကြီးကတော့ ကောင်းကောင်းမွန်မွန်တောင်လှုပ်ရှားနိုင်ခြင်းမရှိပါဘုူး။

အဲ့တာနောက်မှာတော့ ရွာသားတွေရဲ့ လွှတ်ပေးမှုကြောင့် အင်မတန်ကြီးမားတဲ့ လုံးပတ်အရွယ်အစားနဲ့ ရှည်လျားလှတဲ့ မိချောင်းကြီး ကတော့ ရေထဲကို ငုပ်လျှိုုးပြောက်ကွယ်သွားပေမယ့် အခုလိုပြန်လွှတ်ပေးလိုက်တာက တရားသဘောအရကြည့်ရင် မွန်မြတ်တဲ့လုပ်ရပ်တစ်ခုဆိုပေမယ့် ရွာသူရွာသားတွေအတွက် အင်မတန်မှအန္တရာယ်များလှပါတယ်။

ဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် တပါတည်းဖော်ပြပေးလိုက်ပါတယ်နော်။

video ctredit - What Did I Just Watch ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။