ချစ်ပရိသတ်ကြီးရေ အဆိုတော်၊ဒါရိုက်တာ၊သရုပ်ဆောင် ယုန်လေးကတော့ မကြာသေးခင်ကမှ သရုပ်ဆောင်မင်းသားအဖြစ် ဇာတ်ကားတွေ ရိုက်ကူးလာခဲ့တာ ဖြစ်ပါတယ်။ အစထဲက fan တွေရဲ့ အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ ယုန်လေးကို မင်းသားတစ်ဦးအဖြစ်လည်း ပရိသတ်တွေက လက်ခံအားပေးကြပါတယ်။ " Original Ganster" ရုပ်ရှင်ကားကြီးမှာလည်း ပီပြင်တဲ့အိုက်တင် သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

ယုန်လေးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး သူရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။သူငယ်ချင်းတွေနဲ့ အမြဲ ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ ယုန်လေးကတော့ လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ Banana ရဲ့ "မမရေလွမ်းလို့ " သီချင်းလေးကို မိုးမိုးအပါဝင် သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့သီဆိုထားတဲ့ ဗီဒီယိုလေးကိုတင်ထားတာတွေ့ရပါတယ်။

ကိုယုန်လေးတို့ သူငယ်ချင်းတွေဝိုင်းဖွဲ့ သီဆိုနေကြတဲ့ ဗီဒီယိုလေးတွေကို ကြည့်ပြီး အပျော်တွေကူးစက်မိတာအမှန်ပဲဖြစ်ပါတယ်။ကိုယုန်လေးကတော့ သူငယ်ချင်းတွေနဲ့ အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်တာအမှန်ပဲနော်...။ကဲ..ချစ်ပရိသတ်ကြီးတွက် ယုန်လေးတို့ သူငယ်ချင်းတွေ သီဆိုထားတဲ့ မမရေလွမ်းလို့ ဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။