အမေရိကန်အစီုးရကတော့ မက္ကဆီကန် မူးယစ်ရာဇာက်ု ဖမ်းမိအောင် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ဆယ်သန်းဆုချမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၎င်းမူးယစ်ရာဇာကတော့ အယ်လ်မန်ချို လို့လူအများသိကြတဲ့ နယ်မယ်စီယို အိုစေဂဲ့ရာ ကာဗန်းတက်စ် ပဲဖြစ်ပါတယ်။ 

၎င်းမူးယစ်ရာဇာကတော့ ၂၀၁၁ ခုနှစ်လောက်ထဲက ဂျာလစ္စကို ဆိုတဲ့ ဂိုဏ်းတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး အဲ့ဒီဂိုဏ်းဟာ လက်ရှိကမ္ဘာပေါ်မှာ အန္တရာယ်အရှိနိုင်ဆုံး ရာဇဝတ်ဂိုဏ်း ငါးခုထဲက တစ်ခုပဲဖြစ်ပါတယ်။

၎င်းဂိုဏ်းကတော့ အမေရိကန်နိုင်ငံထဲကို လစဉ် ကိုကင်း အနည်းဆုံး ငါးတန်လောက်နဲ့ မက်သာဖက်တာမင်း စိတ်ကြွဆေး ငါးတန်လောက် တင်သွင်းနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တာကြောင့် ခေါင်းဆောင်ကို ဖမ်းမီနိုင်ဖို့ အမေရိကန်အစိုးရက အခုလိုဆုကြေးထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။  

ယခုကြေညာချက်အရ မည်သည့်နိုင်ငံက ဘယ်သူမဆို မက္ကဆီကန်မူးယစ်ရာဇာကို ဖမ်းမီအောင်သတင်းပေးနိုင်တာနဲ့ ဆုကြေးငွေဆယ်သန်းကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

အခုလိုဆုကြေးငွေထုတ်လိုက်ပေမယ့်လည်း မက္ကဆီကန်မူးယစ်ရာဇာကို ဖမ်းမိနိုင်ဖို့က လွယ်ကူလှတဲ့ ကိစ္စတစ်ခုတော့မဟုတ်လှပါဘူး။

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။